ထိုသတင်းကို ယောသံကြားသောအခါ ထွက်သွား၍ ဂေရဇိမ်တောင်ထိပ်ပေါ်၌ ရပ်လျက် “ရှေခင်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်လည်း သင်တို့စကားကို နားထောင်တော်မူမည်။
၁ ရာ 26:13 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် လွင်ပြင်ကျယ်ကြီး၏အခြားတစ်ဖက်သို့ ကူးသွားပြီး အဝေးရှိတောင်ကုန်း၏ထိပ်တွင် ရပ်နေပြီးလျှင် Common Language Bible ထိုနောက်ဒါဝိဒ်သည်ချိုင့်ဝှမ်းတစ်ဘက်သို့ကူး ပြီးနောက် ဘေးကင်းလောက်အောင်ဝေးရာသို့ ရောက်သောအခါတောင်ကုန်းထိပ်တွင်ရပ် လျက်၊- Garrad Bible ဒါ ဝိဒ် သည် ချောက် တစ် ဘက် သို့ ကူး၍ ကွာ ဝေး ရာ တောင် ထိပ်၌ ရပ် လျက် Judson Bible ထိုအခါဒါဝိဒ်သည် ကျယ်သောချိုင့် တစ်ဖက်သို့ကူး၍၊ ဝေးသော တောင်ထိပ်အပေါ်မှာရပ်လျက်၊ |
ထိုသတင်းကို ယောသံကြားသောအခါ ထွက်သွား၍ ဂေရဇိမ်တောင်ထိပ်ပေါ်၌ ရပ်လျက် “ရှေခင်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်လည်း သင်တို့စကားကို နားထောင်တော်မူမည်။
ထို့နောက် ဒါဝိဒ်သည် လိုဏ်ဂူထဲမှထွက်လာပြီး “အကျွန်ုပ်၏သခင်၊ အရှင်မင်းကြီး”ဟု ရှောလုမင်းကြီး၏နောက်မှ အော်ခေါ်ရာ ရှောလုမင်းကြီးသည် နောက်သို့လှည့်ကြည့်လျှင် ဒါဝိဒ်သည် မြေပေါ်ပျပ်ဝပ်လျက် ဦးချလေ၏။
ထို့နောက် ဒါဝိဒ်သည် ရှောလုမင်းကြီး၏ခေါင်းရင်းရှိလှံနှင့် ရေဘူးကို ယူပြီး ပြန်သွားကြ၏။ ဤသည်ကို မည်သူကမျှ မသိ၊ မမြင်။ ထာဝရဘုရားသည် သူတို့ကို အိပ်မောကျစေသဖြင့် အားလုံးအိပ်ပျော်နေသည်ဖြစ်၍ တစ်ယောက်မျှမနိုးကြ။
စစ်သည်များနှင့် နေရ၏သားအာဗနာကို အော်ခေါ်ပြီး “အို အာဗနာ၊ ငါ့ကို သင်မထူးသလော”ဟု မေးလျှင် အာဗနာက “ရှင်ဘုရင်ကို အော်ခေါ်နေသောသူကား မည်သူနည်း”ဟု ပြန်ပြော၏။