နာဗလက ဒါဝိဒ်၏အစေအပါးတို့အား “ဒါဝိဒ်ကား မည်သူနည်း။ ယေရှဲ၏သားကား မည်သူနည်း။ ယခုနေ့ရက်တို့တွင် သခင့်ထံမှ ထွက်ပြေးသောအစေအပါး များပြားလှပါတကား။
နာဗလကလည်း``ဒါဝိဒ်ဆိုသူမှာအဘယ် သူနည်း။ သူ၏အကြောင်းကိုငါတစ်ခါမျှ မကြားဘူးပါတကား။ ယခုခေတ်အခါ ၌တိုင်းပြည်သည်ကျွန်ပြေးများနှင့်ပြည့် နှက်လျက်ရှိနေလေပြီ။-
နာ ဗ လ က လည်း၊ ဒါ ဝိဒ် ဆို သူ ကား မည် သူ နည်း၊ ယေ ရှဲ သား ဆို သူ ကား မည် သူ နည်း။ ယ ခု သ မ ယ တွင် အ ရှင့် ထံ မှ ထွက် ပြေး သော ကျွန် များ စွာ ရှိ ပါ တ ကား။
နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။
သို့သော် ဖာရောမင်းကြီးက “ထာဝရဘုရား၏စကားကိုနားထောင်၍ အစ္စရေးလူမျိုးတို့ကို ငါလွှတ်ရမည့်အကြောင်း ထာဝရဘုရားကား မည်သူနည်း။ ထာဝရဘုရားကို ငါမသိ။ အစ္စရေးလူမျိုးတို့ကိုလည်း ငါမလွှတ်”ဟု ဆိုလေ၏။
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
ယခင်နေ့ရက်များသည် ယခုနေ့ရက်များထက် အဘယ်ကြောင့် ပို၍ကောင်းသနည်းဟု မမေးနှင့်။ အကြောင်းမူကား ထိုသို့မေးမြန်းခြင်းသည် ဉာဏ်ပညာမှလာသည်မဟုတ်။
မိုက်မဲသောသူကို မြင့်မြတ်သောသူဟု ခေါ်ဝေါ်တော့မည်မဟုတ်။ လူလိမ်လူကောက်ကို လေးစားထိုက်သူဟု ဆိုတော့မည်မဟုတ်။
လူလိမ်လူကောက်၏လက်နက်ကား မကောင်းမှုဖြစ်၏။ ဆင်းရဲသားပြောသောစကား မှန်ကန်ခဲ့လျှင်ပင် ဆင်းရဲသားတို့ကို မုသားစကားဖြင့် ဖျက်ဆီးရန် ဆိုးညစ်သောအမှုကို ကြံစည်တတ်၏။
ဧဗက်၏သား ဂါလက “ငါတို့သည် အဘိမလက်ကိုအစေခံရမည့်အကြောင်း ရှေခင်သားအဘိမလက်ကား မည်သူနည်း။ သူသည် ယေရုဗ္ဗာလ၏သားမဟုတ်လော။ ဇေဗုလသည် သူ၏လက်ထောက်မဟုတ်လော။ ရှေခင်၏အဖ ဟာမော်၏လူတို့ကို အစေခံကြလော့။ အဘိမလက်ကို အဘယ်ကြောင့် အစေခံရမည်နည်း။
ထိုအခါ ရှောလုမင်းကြီးသည် ယောနသန်အား အမျက်ပြင်းစွာထွက်လျက် “ပုန်ကန်ဖောက်ပြားသောမိန်းမ၏သား၊ သင်အရှက်ရအောင်၊ သင့်မိခင် အဝတ်အချည်းစည်းဖြစ်ပြီး အရှက်ကွဲအောင် သင်သည် ယေရှဲ၏သားဘက်၌ ရပ်တည်နေသည်ကို ငါမသိဘဲနေမည်လော။
ဒုက္ခရောက်နေသူ၊ အကြွေးမဆပ်နိုင်သူ၊ ဘဝကို ခါးသီးစွာခံစားနေရသူအပေါင်းတို့သည် သူ့ထံလာရောက်စုဝေးကြရာ လူလေးရာခန့်ရှိ၍ ဒါဝိဒ်သည် သူတို့ကို ဦးဆောင်လေ၏။
ဒါဝိဒ်၏ငယ်သားတို့သည်လည်း သွား၍ ဒါဝိဒ်မှာလိုက်သောစကားအလုံးစုံကို နာဗလအား ပြောကြားပြီးနောက် စောင့်ဆိုင်းလျက်နေကြစဉ်