သို့သော် ဒါဝိဒ်သည် ထိုသို့ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကိုဖြတ်မိသည့်အတွက် စိတ်မကောင်းဖြစ်လျက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေ၏။
သို့ရာတွင်ယင်းသို့ပြုမိသည့်အတွက် ဒါဝိဒ် လိပ်ပြာမသန့်ဖြစ်လာ၏။-
ထို နောက် ရှော လု မင်း ဝတ် လဲ တော် မြိတ် ကို ဖြတ် ယူ မိ သည့် အ တွက် နောင် တ ရ သည် နှင့်
ထိုသို့ ရှောလု၏အင်္ကျီကို လှီးဖြတ်မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တစ်ဖန် နောင်တရ၍၊
ယခုမှာ သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြုပြီး မျက်မှောက်တော်၌ မကောင်းမှုကို ပြုရသနည်း။ သင်သည် ဟိတ္တိလူမျိုး ဥရိယကို ဓားနှင့်သတ်ပြီး သူ့မယားကို သင့်မိဖုရားအဖြစ် သိမ်းယူပြီ။ သင်သည် သူ့ကို အမ္မုန်အမျိုးသားတို့၏ဓားဖြင့် သတ်လေပြီတကား။
ဒါဝိဒ်မင်းကြီးသည် ထိုသို့ လူအရေအတွက်စာရင်းကို ကောက်ယူပြီးမှ နောင်တရသဖြင့် ထာဝရဘုရားအား “အကျွန်ုပ်သည် ကြီးမားသောအပြစ်ကိုကျူးလွန်မိပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော့်အစေအပါး၏အပြစ်ကို ဖြေလွှတ်တော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်မဲသောအမှုကို ပြုမိပါပြီ”ဟု လျှောက်ဆိုလေ၏။
ဤမြို့နှင့်မြို့သားတို့ကို ထိတ်လန့်စရာ၊ ကျိန်ဆဲစရာဖြစ်စေမည်ဟု ငါဆိုသည်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက်၊ ကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကို ဆုတ်လျက် ငါထာဝရဘုရားရှေ့တော်တွင် ငိုကြွေးသည်ကို ငါကြားပြီ။
ထိုသူတို့ကိုသတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏လူမျိုးတို့သည် မေ့လျော့ကြပါလိမ့်မည်။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကိုလှည့်လည်သွားလာစေတော်မူပါ။ အကျွန်ုပ်တို့၏ဒိုင်းလွှားဖြစ်တော်မူသောဘုရားရှင်၊ သူတို့ကိုနိမ့်ကျစေတော်မူပါ။
ထိုအခါ အဘိရှဲက ဒါဝိဒ်အား “ယနေ့ပင် ဘုရားသခင်သည် သခင်၏ရန်သူကို သခင့်လက်သို့ အပ်တော်မူပြီ။ ထို့ကြောင့် မြေသို့ထုတ်ချင်းပေါက်သွားအောင် သူ့ကို လှံနှင့် တစ်ချက်တည်းထိုးသတ်ပါရစေ။ နှစ်ချက် မထိုးစေရပါ”ဟု လျှောက်ဆို၏။