ဒါဝိဒ်သည် ရှောလုမင်းကြီးအား ထိုစကားအလုံးစုံကို ပြောပြီးသောအခါ ရှောလုမင်းကြီးက “ငါ့သားဒါဝိဒ်၊ ဤအသံကား သင့်အသံလော”ဟု ဆိုပြီးလျှင် ရှောလုမင်းကြီးသည် အော်ဟစ်ငိုကြွေးလေ၏။
ဤသို့ဒါဝိဒ်လျှောက်ထားပြီးသောအခါ ရှောလုက``သင်သည်အကယ်ပင်ငါ၏သား ဒါဝိဒ်ပေလော'' ဟုဆို၍ငိုကြွေးတော်မူ၏။-
ထို သို့ သော စ ကား ကို ဒါ ဝိဒ် တင် လျှောက် ပြီး သော်၊ ရှော လု မင်း က၊ အို ငါ့ သား ဒါ ဝိဒ်၊ သင့် စ ကား သံ လော ဟု မေး လျက် အော် ဟစ် ငို ကြွေး လေ၏။
ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင်လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကိုလွှင့်၍ ငိုကြွေးလေ၏။
သို့ဖြစ်၍ စာရဲက အာဗြံအား “အကျွန်ုပ်ခံရသောမထီလေးစားပြုခြင်းအမှုသည် သခင့်အပေါ်ကျရောက်ပါစေ။ အကျွန်ုပ်၏ကျွန်မကို သခင့်ရင်ခွင်၌ အကျွန်ုပ်ပေးအပ်ခဲ့ပါသည်။ သို့သော် သူသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ အကျွန်ုပ်ကိုမထီလေးစားပြုပါသည်။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်သခင့်ကြားတွင် တရားသဖြင့်စီရင်ပေးတော်မူပါစေသော”ဟု ဆိုလေ၏။
သတ္တမနေ့၌ ဘုရားသခင်လုပ်ဆောင်သောအမှု ပြီးဆုံးလေ၏။ ထိုသို့ မိမိလုပ်ဆောင်သောအမှုအလုံးစုံပြီးဆုံး၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
ဧသောသည် ပြေးလာ၍သူနှင့်တွေ့ဆုံပြီး သူ့ကိုပွေ့ဖက်လျက်၊ လည်ချင်းယှက်လျက် နမ်းလေ၏။ ထို့နောက် သူတို့သည် ငိုကြွေးကြ၏။
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။
မှန်ကန်သောစကားသည် မည်မျှနာကျင်စေသနည်း။ သင်တို့ဆုံးမသောဆုံးမစကားမူကား မည်သို့နည်း။
အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်ကိုရွေးနုတ်တော်မူပါ။ ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည် အပြောက်အမွမ်းခြယ်မှုန်းထားသောငွေထည်ပေါ်မှ ရွှေပန်းသီးများနှင့်တူ၏။
အကြောင်းမူကား သင်တို့ကို ဆန့်ကျင်သောသူတစ်စုံတစ်ဦးမျှ မငြင်းခုံမဟန့်တားနိုင်သော နှုတ်အစွမ်းနှင့်ဉာဏ်ပညာတို့ကို သင်တို့အား ငါပေးမည်။
သို့သော် ဝိညာဉ်တော်နှင့်ဉာဏ်ပညာတို့ဖြင့် သတေဖန်ပြောဆိုသောအရာကို သူတို့သည် အတိုက်အခံပြောဆို၍မရနိုင်ကြချေ။
အကျွန်ုပ်သည် သင့်ကို အမှားပြုမိသည်မဟုတ်။ သင်ကသာ အကျွန်ုပ်ကို တိုက်ခိုက်ပြီးအမှားလုပ်မိပြီ။ ယနေ့ တရားသူကြီးထာဝရဘုရားကသာ အစ္စရေးအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့ကြား တရားစီရင်ပါစေ’ဟူ၍ မှာကြားလိုက်သည်”ဟု ဆိုလေ၏။
ရှောလုမင်းကြီးသည် ဒါဝိဒ်၏အသံကို မှတ်မိသဖြင့် “ဤအသံသည် ငါ့သား ဒါဝိဒ်၏အသံ မဟုတ်လော”ဟု အော်မေးရာ ဒါဝိဒ်က “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်အသံ ဟုတ်ပါ၏။
ယနေ့ အရှင်မင်းကြီးအသက်ကို အကျွန်ုပ် တန်ဖိုးထားသကဲ့သို့ ထာဝရဘုရားသည် အကျွန်ုပ်၏အသက်ကို တန်ဖိုးထားတော်မူပါစေသော။ အကျွန်ုပ်ကိုလည်း ဆင်းရဲဒုက္ခအပေါင်းမှ ကယ်နုတ်တော်မူပါစေသော”ဟု ပြန်အော်ပြောလေ၏။