သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။
၁ ရာ 23:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့နှစ်ဦး ထာဝရဘုရားရှေ့တော်တွင် ကတိသစ္စာပြု၍ ဒါဝိဒ်သည် ဟောရေရှအရပ်၌နေခဲ့ပြီး ယောနသန်ကား သူ့အိမ်သို့ပြန်သွားလေ၏။ Common Language Bible ထိုနောက်သူတို့သည်အပြန်အလှန်ကတိသစ္စာ ပြုကြပြီးလျှင် ဒါဝိဒ်သည်ဟောရေရှအရပ် တွင်နေရစ်၍ယောနသန်မူကားမိမိ၏အိမ် သို့ပြန်လေ၏။ Garrad Bible ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် နှစ် ဦး လုံး သ စ္စာ မိတ် ထပ် ဖွဲ့ ပြီး နောက်၊ ပိတ် ပေါင်း တွင် ဒါ ဝိဒ် ခို မြဲ ခို နေ ရာ ယော န သန် မူ ကား၊ အိမ် တော် သို့ ပြန် သွား လေ၏။ Judson Bible ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ၊ ဒါဝိဒ်သည် တောအုပ်၌နေ၍ ယောနသန်သည် မိမိအိမ်သို့သွား၏။ |
သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။
ဒါဝိဒ်မင်းကြီးက “ရှောလုမင်းကြီးအမျိုးထဲမှ ကြွင်းကျန်သူတစ်ဦးဦးရှိသေးသလော။ ငါသည် ယောနသန်အား မေတ္တာကရုဏာကိုပြလို၏”ဟု ဆို၏။
ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့်စကားပြောဆိုပြီးနောက်တွင် ယောနသန်၏စိတ်သည် ဒါဝိဒ်၏စိတ်နှင့်ငြိတွယ်သွားပြီး ယောနသန်သည် ကိုယ်နှင့်အမျှ ဒါဝိဒ်ကိုချစ်လေ၏။
ယောနသန်သည် ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်သောကြောင့် ဒါဝိဒ်နှင့်ကတိသစ္စာပြုလေ၏။
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။
သို့ဖြစ်၍ အရှင်နှင့်အကျွန်ုပ်သည် ထာဝရဘုရားရှေ့တွင် ပဋိညာဉ်ပြုထားကြပြီဖြစ်၍ အရှင်၏အစေအပါးကို သနားပါလော့။ အကျွန်ုပ်အပြစ်ပြုမိခဲ့လျှင် အရှင်ကိုယ်တိုင် အကျွန်ုပ်ကိုသတ်ပါ။ အဘယ်ကြောင့် အကျွန်ုပ်ကို အရှင့်ခမည်းတော်လက်သို့အပ်မည်နည်း”ဟု ဆို၏။
ဒါဝိဒ်သည် နောဗမြို့ရှိ ယဇ်ပုရောဟိတ်အဟိမလက်ထံသို့ ရောက်လာ၏။ အဟိမလက်သည် ဒါဝိဒ်ကို မြင်လျှင် ထိတ်လန့်သွား၍ “အဘယ်ကြောင့် သင် တစ်ဦးတည်းလာရသနည်း။ သင်နှင့်အတူ မည်သူမျှမပါသလော”ဟု မေးရာ