၁ ရာ 23:14 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် တောကန္တာရထဲရှိ ဥမင်လိုဏ်ခေါင်းများနှင့် ဇိဖတောကန္တာရရှိတောင်ပေါ်ဒေသတို့တွင် ပုန်းရှောင်နေထိုင်၏။ ရှောလုမင်းကြီးသည် နေ့စဉ်နှင့်အမျှ ဒါဝိဒ်ကို ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်ကို ရှောလုမင်းကြီးလက်သို့ အပ်တော်မမူ။ Common Language Bible ဒါဝိဒ်သည်ဇိဖတောကန္တာရရှိတောင်ထူ ထပ်သောအရပ်တွင်ပုန်းအောင်းလျက်နေ၏။ ရှောလုသည်သူ့အားအချိန်ရှိသမျှကြိုး စား၍ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်အားရှောလု၏လက်သို့ပေးအပ်တော် မမူ။- Garrad Bible ဒါ ဝိဒ် သည် ဇိ ဖ တော ရှိ၊ ခင် တန်း ပေါ် တွင် လုံ ခြုံ သော အ ရပ် များ၌ ခို နေ ရာ၊ နေ့ ရှိ သ မျှ ရှော လု မင်း ရှာ သော် လည်း သူ့ လက် တွင်း သို့ ဘု ရား သ ခင် အပ် နှင်း တော် မ မူ။ Judson Bible ဒါဝိဒ်သည် ဇိဖတောင်အစရှိသော တောကြိုတောင်ကြားတို့၌ နေ၍၊ ရှောလုသည် နေ့တိုင်းရှာသော်လည်း သူ၏လက်၌ ဒါဝိဒ်ကို ဘုရားသခင်အပ်တော်မမူ။ |
ကိုယ်တော်သည် အကျွန်ုပ်၏ ကွယ်ကာရာအရပ်ဖြစ်တော်မူ၏။ အကျွန်ုပ်ကို ဘေးရန်မှကာကွယ်လျက် ကယ်တင်ခြင်းသီချင်းများဖြင့် အကျွန်ုပ်ကိုဝိုင်းရံထားတော်မူ၏။(စေလာ)
အကြောင်းမူကား သူတို့၏ခြေသည် မကောင်းမှုပြုရာသို့ပြေးသွား၍ သူတို့သည် လူကိုသတ်ဖြတ်ရန် လျင်မြန်ကြ၏။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုကိုမပြုရလျှင် အိပ်မပျော်နိုင်ကြ။ တစ်စုံတစ်ဦးကိုခလုတ်တိုက်အောင်မပြုရလျှင် မအိပ်စက်နိုင်ကြ။
ရှင်ဘုရင်သည် သားတော်ယေရမေလ၊ အာဇရေလ၏သားစရာယနှင့် အာဗဒေလ၏သားရှေလမိတို့အား စာရေးတော်ကြီးဗာရုတ်နှင့်ပရောဖက်ယေရမိတို့ကို ဖမ်းဆီးရန် အမိန့်ပေး၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို ဝှက်ထားတော်မူ၏။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တရမြို့တို့တွင် ငါ့အပေါ်ကျရောက်ခဲ့သည့် ညှဉ်းဆဲခြင်းနှင့်ဒုက္ခဝေဒနာတို့၌လည်းကောင်း ထက်ကြပ်မကွာပါရှိခဲ့၏။ ထိုကဲ့သို့သော ညှဉ်းဆဲခြင်းများကို ငါခံရသော်လည်း သခင်ဘုရားသည် ထိုအရာအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။
ဒါဝိဒ်သည် ဇိဖတောကန္တာရရှိ ဟောရေရှအရပ်တွင် ပုန်းရှောင်နေစဉ် သူ့အားသတ်ရန် ရှောလုမင်းကြီးထွက်လာကြောင်းကို ကြားသိရ၏။
ဒါဝိဒ်သည် ကိလမြို့သို့ရောက်လာကြောင်းကို ရှောလုမင်းကြီးကြားသောအခါ “ဘုရားသခင်သည် ဒါဝိဒ်ကို ငါ့လက်သို့အပ်တော်မူပြီ။ သူသည် မြို့တံခါးများ၊ ကန့်လန့်ကျင်များ အခိုင်အမာရှိသောမြို့ထဲသို့ဝင်၍ ကိုယ့်ကိုယ်ကိုယ်ပိတ်မိစေပြီ”ဟု ဆိုပြီး
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။
ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့်