ထိုအခါ အာဗြဟံသည် ဗေရရှေဘအရပ်၌ ဧရှာလပင်ကိုစိုက်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို ထိုအရပ်၌ ခေါ်ဆိုပတ္ထနာပြုလေ၏။
၁ ရာ 22:6 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးသည် လှံကိုကိုင်ဆောင်ပြီး သူ့အမှုထမ်းအပေါင်းတို့လည်း သူ့ကိုဝန်းရံလျက် ဂိဗာမြို့၊ တောင်ကုန်းတစ်ခုပေါ်ရှိ ဧရှာလပင်အောက်တွင် စခန်းချနေစဉ် ဒါဝိဒ်နှင့်အတူ လူတစ်စုကို တွေ့ရှိသည်ဟူသောသတင်းကို ကြားသိရ၏။ Common Language Bible တစ်နေ့သ၌ရှောလုသည်ဂိဗာမြို့သို့ရောက် ရှိလာ၏။ မင်းကြီးသည်လှံကိုကိုင်လျက်တောင် ကုန်းပေါ်ရှိအင်ကြင်းပင်အောက်တွင် အရာရှိ များခြံရံကာထိုင်လျက်နေတော်မူ၏။- Garrad Bible ထို အ ခါ ရှော လု မင်း သည် ဂိ ဗာ-မြို့ အ နီး၊ ကုန်း ပေါ် ရှိ မန် ကျည်း ပင် အ ရိပ် တွင် ကျေး ကျွန် သင်း ပင်း တို့ ခြံ ရံ လျက် လှံ တော် ကိုင်၍ စံ နေ စဉ် အ ပေါင်း ပါ တို့ နှင့် တ ကွ ဒါ ဝိဒ် ပေါ် ပေါက် ကြောင်း ကြား သိ လျှင် Judson Bible ထိုအခါ ရှောလုသည် ဂိဗာမြို့၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကိုကိုင်လျက်၊ ကျွန်အပေါင်းတို့သည် ခြံရံလျက်နေစဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည်ပေါ်ကြောင်းကို ရှောလုကြား၍၊ |
ထိုအခါ အာဗြဟံသည် ဗေရရှေဘအရပ်၌ ဧရှာလပင်ကိုစိုက်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို ထိုအရပ်၌ ခေါ်ဆိုပတ္ထနာပြုလေ၏။
သူသည် ရာမမြို့နှင့် ဗေသလမြို့အကြား၊ ဧဖရိမ်တောင်ပေါ်ရှိ ဒေဗောရစွန်ပလွံပင်အောက်၌ နေ၏။ အစ္စရေးအမျိုးသားတို့သည် စီရင်ဆုံးဖြတ်ချက်ခံယူရန် သူ့ထံသို့လာကြ၏။
ရှောလုမင်းကြီးသည် ဂိဗာမြို့စွန်၊ မိဂရုန်အရပ်ရှိသလဲပင်အောက်တွင် စခန်းချနေ၏။ သူနှင့်အတူ စစ်သည်အယောက်ခြောက်ရာခန့်ရှိ၏။
နောက်တစ်နေ့တွင် ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို ဝင်ပူးသဖြင့် သူသည် နန်းတော်အလယ်တွင် အော်ဟစ်ရေရွတ်နေ၍ ဒါဝိဒ်သည် ယခင်နေ့များကဲ့သို့ပင် စောင်းတီးပေး၏။ ရှောလုမင်းကြီးသည် လှံကိုလည်း ကိုင်ထား၏။
တစ်ဖန် ရှောလုမင်းကြီးသည် နန်းတော်တွင် လှံကိုကိုင်လျက် ထိုင်နေစဉ် ထာဝရဘုရားထံတော်မှ ဝိညာဉ်ဆိုးသည် သူ့ကိုဝင်ပူးသဖြင့် ဒါဝိဒ်သည် စောင်းတီးပေးလျက်နေ၏။
ရှောလုမင်းကြီးသည် ယောနသန်ကို သတ်ရန် လှံနှင့်ထိုးလိုက်၏။ ယောနသန်လည်း သူ့ခမည်းတော်သည် ဒါဝိဒ်ကို သတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း ရိပ်မိလေ၏။
ထို့နောက် အရိုးကိုယူ၍ ယာဗက်မြို့ရှိ မန်ကျည်းပင်အောက်တွင် သင်္ဂြိုဟ်ပြီး ခုနစ်ရက်တိုင်တိုင် အစာရှောင်ကြ၏။