၁ ရာ 22:7 - မြန်မာ့စံမီသမ္မာကျမ်း7 ထို့ကြောင့် ရှောလုမင်းကြီးက သူ့ကိုခစားနေသောအမှုထမ်းတို့အား “ဗင်္ယာမိန်အမျိုးသားတို့၊ နားထောင်ကြ။ ယေရှဲ၏သားသည် သင်တို့အားလုံးကို လယ်မြေများ၊ စပျစ်ခြံများ ပေးမည်လော။ သင်တို့အားလုံးကို လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်အရာ ခန့်အပ်မည်လော။ အခန်းကိုကြည့်ပါ။Common Language Bible7 မင်းကြီးသည်ဒါဝိဒ်ရှိရာအရပ်ကိုတွေ့ရှိ ပြီဖြစ်ကြောင်းကြားသိရသောအခါ အရာရှိ တို့အား``အချင်းဗင်္ယာမိန်အနွယ်ဝင်တို့၊ နား ထောင်ကြလော့။ ဒါဝိဒ်သည်သင်တို့အားလယ် ယာများနှင့်စပျစ်ဥယျာဉ်များကိုပေး၍ တပ်မတော်အရာရှိများအဖြစ်ခန့်အပ် လိမ့်မည်ဟုထင်မှတ်ကြပါသလော။- အခန်းကိုကြည့်ပါ။Garrad Bible7 အ ခြံ အ ရံ တို့ အား အို ဗင်္ယာ မိန့် အ နွယ် သား တို့ နား ထောင် ကြ လော့။ ယေ ရှဲ၏ သား သည် သင် တို့ အား လယ် ယာ များ၊ စ ပျစ် ခြံ များ ကို ပေး သည့် ပြင်၊ ထောင် တပ် မှူး၊ ရာ တပ် မှူး ခန့် ထား လိမ့် မည် ဟု မြော် လင့်၍ ငါ့ တစ် ဘက်၌ သင် တို့ ရှိ သ မျှ သင်း ဖွဲ့ ကြ ပြီ လော။ အခန်းကိုကြည့်ပါ။Judson Bible7 အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်အရာ၌ ခန့်ထားနိုင်သလော။ အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။