ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိကင်းတပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။
၁ ရာ 22:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပရောဖက်ဂဒ်က ဒါဝိဒ်အား “ပုန်းမနေပါနှင့်။ ဥမင်လိုဏ်ခေါင်းထဲမှ ထွက်လာ၍ ယုဒပြည်သို့ သွားလော့”ဟု ဆိုသဖြင့် ဒါဝိဒ်သည် ထွက်လာ၍ ဟာရက်တောသို့ သွား၏။ Common Language Bible ထိုနောက်ပရောဖက်ဂဒ်သည်ဒါဝိဒ်ထံသို့ လာ၍``သင်သည်ဤအရပ်တွင်မနေနှင့်။ ယုဒပြည်သို့ချက်ချင်းထွက်၍သွားလော့'' ဟုဆို၏။ ထို့ကြောင့်ဒါဝိဒ်သည်ဟာရက် တောသို့ထွက်သွားလေသည်။ Garrad Bible ထို နောက် ပ ရော ဖက် ဂဒ် က၊ ခိုင် လုံ သော ဤ ဥမင်၌ မ နေ ပါ လင့်။ ယု ဒ နယ် အ ရောက် သွား လော့ ဟု မိန့် ဆို သည် နှင့် ဒါ ဝိဒ် သည် ဟာ ရက် တော တိုင် သွား ရောက် သ တည်း။ Judson Bible တစ်ဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သောဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌နေ၏။ |
ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိကင်းတပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။
ဒါဝိဒ်မင်းကြီး နံနက်အိပ်ရာထချိန်တွင် ဒါဝိဒ်မင်းကြီး၏ဗျာဒိတ်ဆရာ ပရောဖက်ဂဒ်ထံသို့ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်လာ၍
ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိမြို့စောင့်တပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။
ဒါဝိဒ်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို စိတ်အာရုံရသူရှမွေလ၏မှတ်တမ်း၊ ပရောဖက်နာသန်၏မှတ်တမ်းနှင့် ဗျာဒိတ်ရသူဂဒ်၏မှတ်တမ်းတို့တွင် ရေးသားထား၏။
ဒါဝိဒ်မင်းကြီးနှင့်တကွ မင်းကြီး၏ဗျာဒိတ်ဆရာဂဒ်နှင့် ပရောဖက်နာသန်တို့ ညွှန်ကြားထားနှင့်သည့်အတိုင်း ဟေဇကိမင်းကြီးသည် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက် တီးမှုတ်တတ်သောလေဝိအမျိုးတို့ကို ထာဝရဘုရား၏အိမ်တော်တွင် နေရာချထား၏။ ထိုသို့ ထာဝရဘုရားသည် ပရောဖက်တို့မှတစ်ဆင့် မိန့်မှာထားတော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်ကိုကြိုးစား၍ရှာပါ၏။ ရေမရှိ၊ ခြောက်သွေ့ကွဲအက်သောမြေ၌ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဆာငတ်ပါ၏။ အကျွန်ုပ်၏သွေးသားသည်လည်း ကိုယ်တော်ကိုတမ်းတပါ၏။
သူတို့ကို မောဘဘုရင်ထံ၌ အပ်နှံထားခဲ့၏။ ဒါဝိဒ်သည် ဥမင်လိုဏ်ခေါင်းတွင် ပုန်းနေရသမျှကာလပတ်လုံး သူတို့သည် မောဘဘုရင်ထံ၌ ခိုလှုံခဲ့ကြ၏။