ဤသူသည် လက်သမား၏သားမဟုတ်လော။ သူ၏မိခင်သည် မာရိဖြစ်ပြီး သူ၏ညီများသည် ယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့် ယုဒတို့ဖြစ်ကြသည်မဟုတ်လော။
၁ ရာ 20:27 - မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့ လဆန်းပွဲ ဒုတိယမြောက်နေ့တွင်လည်း ဒါဝိဒ်၏နေရာသည် လွတ်နေပြန်၏။ ထိုအခါ ရှောလုမင်းကြီးက သားတော်ယောနသန်အား “ယေရှဲ၏သားသည် မနေ့ကရော ယနေ့ပါ စားသောက်ပွဲသို့ အဘယ်ကြောင့် မလာဘဲနေသနည်း”ဟု မေး၏။ Common Language Bible လဆန်းပွဲတော်နေ့အလွန်နောက်တစ်နေ့၌ လည်းဒါဝိဒ်၏နေရာသည်လပ်လျက်ပင်ရှိ သောကြောင့် ရှောလုကယောနသန်အား``အဘယ် ကြောင့်ဒါဝိဒ်သည်ဤစားပွဲတော်သို့ယမန် နေ့ကမလာ၊ ယနေ့လည်းမလာသနည်း'' ဟုမေးတော်မူ၏။ Garrad Bible လ ဆန်း နှစ် ရက်၊ ဒု တိ ယ နေ့ လည်း ဒါ ဝိဒ် နေ ရာ လပ် သေး သည် ဖြစ်၍ ရှော လု မင်း က၊ ယေ ရှဲ၏ သား သည် မ နေ့ နှင့် ယ နေ့ စား တော် ပွဲ သို့ အ ဘယ် ကြောင့် မ လာ သ နည်း ဟု သား တော် ယော န သန် အား မေး လျှင် Judson Bible နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော်ယောနသန်အား မေးလျှင်၊ |
ဤသူသည် လက်သမား၏သားမဟုတ်လော။ သူ၏မိခင်သည် မာရိဖြစ်ပြီး သူ၏ညီများသည် ယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့် ယုဒတို့ဖြစ်ကြသည်မဟုတ်လော။
လူတို့၏ငြင်းပယ်ခြင်းကိုခံရသော်လည်း ဘုရားသခင်ရွေးကောက်တော်မူသော အဖိုးထိုက်သည့် အသက်ရှင်သောကျောက်ဖြစ်တော်မူသော ထိုသခင်ထံသို့လာ၍
ထိုအခါ ရှောလုမင်းကြီးက “ဒါဝိဒ်ကို နံရံထုတ်ချင်းပေါက်အောင် ငါထိုးသတ်မည်”ဟု ဆိုလျက် လှံကိုပစ်လွှတ်လိုက်၏။ သို့သော် ဒါဝိဒ်သည် နှစ်ကြိမ်တိုင်တိုင် ရှောင်တိမ်းလိုက်နိုင်၏။
သို့သော် ရှောလုမင်းကြီးက “သူ့ကိုအိပ်ရာနှင့်တကွ ငါ့ထံသို့ ခေါ်လာခဲ့ပါ။ သူ့ကို ငါသတ်မည်”ဟု ဆိုပြီး ဒါဝိဒ်ကို သွားကြည့်ရန် တမန်တို့ကို စေလွှတ်ပြန်၏။
ထိုနေ့တွင် ရှောလုမင်းကြီးက “ဒါဝိဒ်သည် တစ်စုံတစ်ရာကြောင့် မစင်မကြယ်ဖြစ်၍ဖြစ်မည်။ စင်စစ် သူမစင်မကြယ်ဖြစ်၍ မလာခြင်းဖြစ်မည်”ဟု တွေး၍ မည်သို့မျှမပြောပေ။
ယောနသန်က “ဒါဝိဒ်သည် ဗက်လင်မြို့သို့ ပြန်သွားခွင့်ပြုပါမည့်အကြောင်း အကျွန်ုပ်ထံ တစာစာခွင့်တောင်းပါ၏။
ဒါဝိဒ်က ယောနသန်အား “မနက်ဖြန်သည် လဆန်းနေ့ဖြစ်၏။ အကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲတွင် ထိုင်စားရမည်ဖြစ်သော်လည်း သုံးရက်မြောက်နေ့ နေဝင်ချိန်အထိ တောထဲ၌ သွားပုန်းခွင့်ပြုပါ။
နာဗလက ဒါဝိဒ်၏အစေအပါးတို့အား “ဒါဝိဒ်ကား မည်သူနည်း။ ယေရှဲ၏သားကား မည်သူနည်း။ ယခုနေ့ရက်တို့တွင် သခင့်ထံမှ ထွက်ပြေးသောအစေအပါး များပြားလှပါတကား။