ထိုအမျိုးသမီးတို့သည် ကခုန်လျက် “ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေပြီ”ဟု သီဆိုကြ၏။
ယင်းသို့အောင်ပွဲကျင်းပရာ၌အမျိုးသမီး တို့က``ရှောလုသတ်သူအထောင်ထောင်၊ ဒါဝိဒ် သတ်သူအသောင်းသောင်း'' ဟုသီဆိုကြ လေသည်။-
ရှော လု အ ထောင် ထောင်၊ ဒါ ဝိဒ် အ သောင်း သောင်း လုပ် ကြံ လေ ပြီ တ ကား ဟု ရွှင် လန်း စွာ ဖွဲ့ ဆို ကြ သ တည်း။
ရှောလု အထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။
သို့သော် သူတို့က “အရှင်မင်းကြီး ချီတော်မမူပါနှင့်။ စင်စစ် အကျွန်ုပ်တို့ ထွက်ပြေးသွားလျှင်လည်း သူတို့ အရေးထားမည်မဟုတ်ပါ။ အကျွန်ုပ်တို့ တစ်ဝက်မျှ သေသွားလျှင်လည်း သူတို့ အရေးထားမည်မဟုတ်ပါ။ အရှင်မင်းကြီးတစ်ပါးတည်းသည် အကျွန်ုပ်တို့ လူတစ်သောင်းနှင့် ညီမျှပါ၏။ အရှင်မင်းကြီး မြို့ထဲ၌နေရစ်ပြီး အကျွန်ုပ်တို့ကို ကူညီခြင်းက ပိုကောင်းပါလိမ့်မည်”ဟု လျှောက်တင်ကြ၏။
ဒါဝိဒ်မင်းကြီးနောက်ဆုံးမိန့်ဆိုခဲ့သောစကား။ ယေရှဲ၏သား ဒါဝိဒ်မင်းကြီးမိန့်ဆိုခဲ့သောနိမိတ်စကား။ အမြင့်ဆုံးသို့ ချီးမြှောက်ခြင်းခံရသူ၊ ယာကုပ်၏ဘုရားသခင် ဘိသိက်ပေးထားသူ၊ အသာယာဆုံးအစ္စရေးသီချင်းကိုရေးစပ်သီဆိုသူ မိန့်ဆိုခဲ့သောနိမိတ်စကားများကား ဤသို့တည်း။
ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ နှဲ၊ လင်းကွင်း စသည့်ထင်းရှူးသားဖြင့်ပြုလုပ်ထားသောတူရိယာအမျိုးမျိုးတို့ကို တီးမှုတ်လျက် ထာဝရဘုရားရှေ့တော်တွင် ပျော်မြူးကြ၏။
ထိုအခါ မိရိအံက “ထာဝရဘုရားသည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ မြင်းနှင့်မြင်းစီးသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ”ဟု သူတို့နှင့်အပြန်အလှန်သီဆိုလေ၏။
ထိုအခါ အာခိတ်မင်းကြီး၏အမှုထမ်းတို့က “ဤသူသည် ပြည့်ရှင်မင်းဒါဝိဒ် မဟုတ်လော။ သူနှင့်ပတ်သက်၍ ‘ရှောလု အထောင်အထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေပြီ’ဟု သီဆိုကခုန်ခဲ့ကြသည်မဟုတ်လော”ဟု မေးလျှောက်ကြ၏။
ထိုစကားတို့သည် ဒါဝိဒ်၏စိတ်ထဲ၌စွဲနေသောကြောင့် သူသည် ဂါသဘုရင်အာခိတ်မင်းကြီးကို အလွန်တရာမှကြောက်ရွံ့လေ၏။
‘ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေပြီ’ဟု လူတို့ သီဆိုကခုန်ဂုဏ်ပြုခဲ့သူမှာ ဤဒါဝိဒ်ပင် မဟုတ်လော”ဟု ပြန်ပြောကြ၏။