ဖိလိတ္တိတပ်မှူးတို့ ချီတက်တိုက်ခိုက်လေတိုင်း ဒါဝိဒ်သည် ရှောလုမင်းကြီး၏အမှုထမ်းအပေါင်းတို့ထက် အောင်နိုင်သဖြင့် နာမည်ကျော်ကြားလေ၏။
ဖိလိတ္တိစစ်တပ်များသည်လာရောက်တိုက်ခိုက် လေ့ရှိကြ၏။ ဒါဝိဒ်သည်တိုက်ပွဲတိုင်း၌ပင် ရှောလု၏အခြားတပ်မတော်အရာရှိများ ထက်ပို၍အောင်မြင်သဖြင့်အလွန်ထင်ပေါ် ကျော်စောလာ၏။
ထို မှ တစ် ပါး ဖိ လိ တ္တိ တပ် ဗိုလ် တို့ ချီ ထွက် လေ့ ရှိ၏။ ချီ ထွက် လေ ရာ ရာ၌ ဒါ ဝိဒ် သည် ရှော လု မင်း၏ ကျေး ကျွန် အ ပေါင်း တို့ ထက် အောင် မြင် ပြီး မြောက် သ ဖြင့် အ မည် ကျော် စော လေ၏။
တစ်ဖန် ဖိလိတ္တိမင်းတို့သည် ချီသွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ်သည် ရှောလု၏ကျွန်အပေါင်းတို့ထက် သာ၍ သတိပညာနှင့်ပြုမူသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ၏။
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့ စစ်ထွက်တိုက်ချိန်ရောက်သောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့်တပ်မှူးများအပါအဝင် အစ္စရေးစစ်သည်အပေါင်းတို့ကို စစ်ထွက်တိုက်စေ၏။ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း ဝိုင်းထားလိုက်ကြ၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။
သင်သွားလေရာရာ၌ သင်နှင့်အတူ ငါပါရှိပြီး သင့်ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ငါဖယ်ရှားပေးခဲ့ပြီ။ ကမ္ဘာပေါ်တွင် နာမည်ကြီးကျော်ကြားသူကဲ့သို့ သင့်ကို နာမည်ကြီးကျော်ကြားစေမည်။
ရှင်ဘုရင်ကလည်း နောက်တစ်ဖန် တတိယမြောက် တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို စေလွှတ်ပြန်၏။ ထိုတတိယမြောက် တပ်သားငါးဆယ်အုပ်တပ်မှူး ရောက်လာလျှင် ဧလိယရှေ့တွင် ဒူးထောက်လျက် “အို ဘုရားသခင်၏လူ၊ အကျွန်ုပ်အသက်နှင့် အရှင့်အစေအပါး ဤတပ်သားငါးဆယ်တို့၏အသက်ကို နှမြောတော်မူပါ။
ထာဝရဘုရား၏ရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏သေဆုံးခြင်းသည် အဖိုးတန်လှ၏။
ကိုယ်တော်၏သက်သေခံချက်တို့သည် အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်သောကြောင့် အကျွန်ုပ်သည် အကျွန်ုပ်၏ဆရာအားလုံးတို့ထက် ပို၍ပညာသတိရှိပါ၏။
လူသည် မိမိ၏ဉာဏ်စွမ်းနှင့်အညီ ချီးမွမ်းခြင်းခံရလိမ့်မည်။ ကောက်သောစိတ်သဘောရှိသူမူကား မထီမဲ့မြင်ပြုခြင်းခံရလိမ့်မည်။
ရှင်ဘုရင်မေးမြန်းသမျှသောဉာဏ်စမ်းမေးခွန်းတို့ကို ဖြေကြားရာတွင် သူတို့သည် တစ်နိုင်ငံလုံးရှိနတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများထက် ဆယ်ဆမက သာသည်ကို ရှင်ဘုရင်တွေ့ရ၏။
အကြောင်းမူကား သင်တို့ကို ဆန့်ကျင်သောသူတစ်စုံတစ်ဦးမျှ မငြင်းခုံမဟန့်တားနိုင်သော နှုတ်အစွမ်းနှင့်ဉာဏ်ပညာတို့ကို သင်တို့အား ငါပေးမည်။
ထို့ကြောင့် သင်တို့သည် မည်သို့အသက်ရှင်လျှောက်လှမ်းသည်ကို သေချာစွာဆင်ခြင်ကြလော့။ ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ လျှောက်လှမ်း၍
လူတို့၏ငြင်းပယ်ခြင်းကိုခံရသော်လည်း ဘုရားသခင်ရွေးကောက်တော်မူသော အဖိုးထိုက်သည့် အသက်ရှင်သောကျောက်ဖြစ်တော်မူသော ထိုသခင်ထံသို့လာ၍
သို့ဖြစ်၍ ထိုကျောက်သည် ယုံကြည်သောသင်တို့အတွက် ဂုဏ်သရေဖြစ်၏။ မယုံကြည်သောသူတို့အတွက်မူကား “တိုက်ဆောက်သူများပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်” ဖြစ်ပြီး
ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ပို၍ပင်ကြောက်ရွံ့ကာ ဒါဝိဒ်ကို ရန်သူအဖြစ် အစဉ်အမြဲမှတ်လေ၏။
ဒါဝိဒ်သည် ရှောလုမင်းကြီးစေခိုင်းသမျှတို့၌ အောင်မြင်စွာလုပ်ဆောင်နိုင်၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်အား စစ်သူရဲအုပ်အရာ၌ခန့်ထားရာ စစ်သည်အပေါင်းတို့သာမက ရှောလုမင်းကြီး၏အမှုထမ်းတို့လည်း သူ့ကို နှစ်သက်သဘောကျကြ၏။
စစ်ပွဲတစ်ဖန်ဖြစ်လာပြန်သောအခါ ဒါဝိဒ်သည် ဖိလိတ္တိလူမျိုးတို့ကို သွားရောက်တိုက်ခိုက်၏။ ပြင်းထန်စွာတိုက်ခိုက်သတ်ဖြတ်သဖြင့် ဖိလိတ္တိလူမျိုးတို့ ထွက်ပြေးကြရလေ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။
ထိုအခါ ရှောလုမင်းကြီးက “ငါအပြစ်ပြုမိလေပြီ။ ငါ့သားဒါဝိဒ်၊ ပြန်လာပါ။ သင့်ကို နောက်ထပ်အန္တရာယ်မပြုတော့ပါ။ ကြည့်ရှုလော့။ ငါသည် မိုက်မဲလျက် အမှားကြီးမှားနေသော်လည်း ယနေ့တွင် သင်သည် ငါ့အသက်ကို တန်ဖိုးထားလေပြီ”ဟု ပြန်အော်ပြောလေ၏။
ယနေ့ အရှင်မင်းကြီးအသက်ကို အကျွန်ုပ် တန်ဖိုးထားသကဲ့သို့ ထာဝရဘုရားသည် အကျွန်ုပ်၏အသက်ကို တန်ဖိုးထားတော်မူပါစေသော။ အကျွန်ုပ်ကိုလည်း ဆင်းရဲဒုက္ခအပေါင်းမှ ကယ်နုတ်တော်မူပါစေသော”ဟု ပြန်အော်ပြောလေ၏။