၁ ရာ 17:52 - မြန်မာ့စံမီသမ္မာကျမ်း
ထိုအခါ အစ္စရေးအမျိုးသားနှင့်ယုဒအမျိုးသားတို့သည် ထ၍ကြွေးကြော်လျက် ဖိလိတ္တိလူမျိုးတို့ကို ချိုင့်ဝှမ်းတိုင်အောင်လည်းကောင်း၊ ဧကြုန်မြို့တံခါးတိုင်အောင်လည်းကောင်း လိုက်လံတိုက်ခိုက်ကြရာ အသတ်ခံရသောဖိလိတ္တိလူမျိုးတို့သည် ရှာရိမ်မြို့မှစ၍ ဂါသမြို့နှင့်ဧကြုန်မြို့တိုင်အောင် လမ်းတစ်လျှောက်တွင် လဲကျလျက်ရှိနေကြ၏။
အခန်းကိုကြည့်ပါ။
ဣသရေလနှင့်ယုဒတပ်သားများသည်လည်း အော်သံပေးကာဂါသမြို့နှင့် ဧကြုန်မြို့တံခါးများတိုင်အောင်သူတို့အား လိုက်လံတိုက်ခိုက်ကြ၏။ ဖိလိတ္တိအမျိုးသား တို့သည်ဒဏ်ရာရ၍ ဂါသမြို့နှင့်ဧကြုန်မြို့ တိုင်အောင်ရှာရိမ်လမ်းတစ်လျှောက်လုံး၌ ကျဆုံးကြကုန်၏။-
အခန်းကိုကြည့်ပါ။
ဣ သ ရေ လ နှင့် ယု ဒ ရဲ မက် တို့ ထ၍ ဂါ သ မြို့ တိုင် အောင် လည်း ကောင်း၊ ဧ ကြုန် မြို့ တံ ခါး တိုင် အောင် လည်း ကောင်း၊ အောင် သံ ပေး လျက် လိုက် လံ ကြ၏။ ဖိ လိ တ္တိ တပ် လည်း ဂါ သ မြို့ နှင့် ဧ ကြုန် မြို့ တံ ခါး များ တိုင် အောင် ထိ ရှ ကျ ဆုံး ကြ၏။
အခန်းကိုကြည့်ပါ။
ထိုအခါ ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် ထ၍ ကြွေးကြော်လျက် ချိုင့်တိုင်အောင်လည်းကောင်း၊ ဧကြုန်မြို့ တံခါးတိုင်အောင်လည်းကောင်း၊ ဖိလိတ္တိလူတို့ကို လိုက်ကြ၏။ ထိခိုက်သော ဖိလိတ္တိလူတို့သည် ရှာရိမ်မြို့ လမ်းနားမှစ၍ ဂါသမြို့၊ ဧကြုန်မြို့တိုင်အောင် လဲကြ၏။
အခန်းကိုကြည့်ပါ။