ထို့ပြင် ထိုဖိလိတ္တိပြည်သားက ဒါဝိဒ်အား “ငါ့ထံသို့ လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်များ၊ တောတိရစ္ဆာန်များအား ကျွေးပစ်မည်”ဟု ဆို၏။
ထိုနောက်``လာခဲ့လော့။ ငါသည်သင့်အသား ကိုငှက်များနှင့်သားရဲတိရစ္ဆာန်များ၏ အစာဖြစ်စေအံ့'' ဟုဆို၏။
ငါ သည် သင့် အ သား ကို ငှက် စာ၊ သား ရဲ စား ဖြစ် စေ မည် ဟု ခြိမ်း ခြောက် လေ၏။
တစ်ဖန် ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။
အလောင်းတို့ကို နေ့အချိန်တွင် မိုးကောင်းကင်ငှက်တို့ မထိပါးအောင်၊ ညအချိန်တွင် တောတိရစ္ဆာန်တို့ လာမဆွဲအောင် အာယ၏သမီးရိဇပက လျှော်တေအဝတ်ကိုယူ၍ ကျောက်ဖျာတစ်ခုပေါ်တွင်ခင်းထိုင်ပြီး သီးနှံရိတ်သိမ်းချိန်မှစ၍ အလောင်းပေါ်သို့ ကောင်းကင်မှမိုးရွာချသည့်အချိန်ထိ စောင့်ရှောက်ပေးခဲ့၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် လူ၏ဘဝင်မြင့်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
သူတို့အသက်ကို ရန်ရှာသောသူတို့၏ရန်သူတို့လက်သို့ ငါအပ်မည်။ အလောင်းကောင်တို့သည် ကောင်းကင်ငှက်၊ မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ တိုင်ရာမင်းကြီးအား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဘဝင်မြင့်၍ ငါသည် ဘုရားဖြစ်၏။ သမုဒ္ဒရာအလယ် ဘုရားတို့၏ပလ္လင်တော်၌ စံမြန်း၏ဟု သင်ဆို၏။ သင်သည် ဘုရားမဟုတ် လူသားဖြစ်လျက်နှင့် သင့်စိတ်ထဲတွင် သင့်ကိုယ်သင် ဘုရားဟုထင်မှတ်၏။
ထို့နောက် နေထဲ၌ ရပ်နေသောကောင်းကင်တမန်တစ်ပါးကို ငါမြင်ရ၏။ သူသည် ကောင်းကင်အလယ်၌ ပျံသန်းသောငှက်အပေါင်းတို့အား “ဘုရားသခင်၏ညစာစားပွဲကြီးသို့ လာ၍စုဝေးကြလော့။
ကင်းစောင့်တပ်သားတို့က ယောနသန်နှင့်သူ၏လက်နက်ကိုင်လုလင်အား “ငါတို့ထံ တက်လာကြ။ ငါတို့အကြောင်း သိစေရမည်”ဟု အော်ပြော၏။ ယောနသန်ကလည်း သူ့လက်နက်ကိုင်လုလင်အား “ငါ့နောက် လိုက်ခဲ့။ ထာဝရဘုရားသည် သူတို့ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူပြီ”ဟု ဆို၏။
ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။