ယေရမိ 34:20 - မြန်မာ့စံမီသမ္မာကျမ်း20 သူတို့အသက်ကို ရန်ရှာသောသူတို့၏ရန်သူတို့လက်သို့ ငါအပ်မည်။ အလောင်းကောင်တို့သည် ကောင်းကင်ငှက်၊ မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible20 ငါသည်သူတို့ကိုရန်သူများ၏လက်သို့ ပေးအပ်မည်။ သူတို့အားသတ်ဖြတ်လိုသူ များ၏လက်သို့ပေးအပ်မည်။ သူတို့၏ အလောင်းများသည်ငှက်များတောသားရဲ များ၏အစာဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible20 အ သက် အ န္တ ရာယ် ရှာ ကြံ သူ ရန် ဘက် တို့ လက် တွင်း သို့ ငါ အပ် နှင်း သ ဖြင့်၊ အ လောင်း များ သည် လေ သ တ္တ ဝါ၊ မြေ သ တ္တ ဝါ တို့ အ စာ ဖြစ် ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible20 သူတို့ရန်သူများ လက်သို့လည်းကောင်း၊ သတ်ချင်သောသူများ လက်သို့လည်းကောင်း ငါအပ်မည်။ သူတို့အသေကောင်များတို့သည် မိုးကောင်းကင်ငှက်နှင့် တောသားရဲများ စားစရာဖို့ ဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
“သူတို့သည် ရောဂါဆိုးဖြင့် သေလိမ့်မည်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူမရှိ။ သူတို့ကို သင်္ဂြိုဟ်မည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်လိမ့်မည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ပျက်စီးလိမ့်မည်။ အလောင်းကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။
ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။