အစ္စရေးက ယောသပ်အား “သင်၏အစ်ကိုတို့သည် ရှေခင်မြို့အနီး၌ သိုးဆိတ်တို့ကိုထိန်းကျောင်းနေသည်မဟုတ်လော။ လာပါ။ သင့်ကို သူတို့ထံသို့ ငါစေလွှတ်မည်”ဟု ဆိုလျှင် သူက “ဟုတ်ကဲ့ပါ”ဟု ဆို၏။
၁ ရာ 17:18 - မြန်မာ့စံမီသမ္မာကျမ်း ဤဒိန်ခဲဆယ်ခဲကိုလည်း သူတို့၏လူတစ်ထောင်အုပ်အတွက် ယူသွားလော့။ သင့်အစ်ကိုတို့ အေးအေးချမ်းချမ်းရှိသည်ကို သင်မြင်တွေ့ခဲ့ရကြောင်း သက်သေယူလာပြလော့”ဟု မှာလိုက်လေ၏။ Common Language Bible တပ်မှူးအတွက်ဒိန်ခဲဆယ်လုံးကိုလည်းယူ ၍သွားပါလေ။ သင်၏အစ်ကိုများကျန်းမာ သည်မကျန်းမာသည်ကိုစုံစမ်းပြီးလျှင် သူတို့ကျန်းမာစွာရှိကြောင်းသက်သေတစ် ခုခုကိုယူခဲ့လော့။- Judson Bible ဤဒိန်ခဲဆယ်လုံးကိုလည်း ယူ၍ သူတို့တပ်မှူးအားဆက်လော့။ သင့်အစ်ကိုတို့သည် ကျန်းမာခြင်း ရှိသည်မရှိသည်ကို ကြည့်ရှုပြီးမှ၊ သူတို့ထံမှာ သက်သေတစ်စုံတစ်ခုကို ခံယူလော့ဟု မှာလိုက်လေ၏။ |
အစ္စရေးက ယောသပ်အား “သင်၏အစ်ကိုတို့သည် ရှေခင်မြို့အနီး၌ သိုးဆိတ်တို့ကိုထိန်းကျောင်းနေသည်မဟုတ်လော။ လာပါ။ သင့်ကို သူတို့ထံသို့ ငါစေလွှတ်မည်”ဟု ဆိုလျှင် သူက “ဟုတ်ကဲ့ပါ”ဟု ဆို၏။
ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
ပျားရည်၊ ဒိန်ချဉ်၊ သိုးသား၊ နွားနို့ခဲ စသည်တို့ကို ဒါဝိဒ်မင်းကြီးနှင့် သူ့လူတို့စားဖို့ ယူဆောင်လာကြ၏။
ထို့ပြင် မော်ဒကဲသည် ဧသတာ၏အခြေအနေအကျိုးအကြောင်းကိုသိရှိရန် အပျိုတော်နန်းဆောင်ဝင်းရှေ့သို့ နေ့တိုင်း သွားလေ့ရှိ၏။
ကိုယ်တော်သည် အကျွန်ုပ်ကို နွားနို့ကဲ့သို့ လောင်းချပြီး ဒိန်ခဲကဲ့သို့ ခဲစေတော်မူသည်မဟုတ်လော။
ထို့ကြောင့် မောရှေသည် မိမိယောက္ခမကိုကြိုဆိုရန်ထွက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်ပြီး သူ့အားနမ်းလေ၏။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သာကြောင်းမာကြောင်းမေးမြန်းပြီးလျှင် တဲထဲသို့ဝင်ကြ၏။
ရက်ပေါင်းအတန်ကြာသောအခါ ပေါလုသည် ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားကို ငါတို့ဟောပြောခဲ့သောမြို့တိုင်းရှိ ညီအစ်ကိုတို့ထံသို့ ပြန်သွား၍ သူတို့မည်သို့ရှိနေကြသည်ကို ကြည့်ရှုကြကုန်စို့”ဟု ဆို၏။
ထို့ကြောင့် သူတို့သည် လေဝိလူငယ်နေထိုင်ရာ မိက္ခာ၏အိမ်သို့ဝင်ပြီး သူ့အား သာကြောင်းမာကြောင်းနှုတ်ဆက်ကြ၏။
ထိုအခါ ယေရှဲသည် စားစရာများနှင့်စပျစ်ဝိုင်တစ်ဘူးကို ယူ၍ မြည်းပေါ်တွင်တင်ပြီး ဆိတ်သငယ်တစ်ကောင်နှင့်အတူ မိမိသားဒါဝိဒ်ကို ရှောလုမင်းကြီးထံ လွှတ်လိုက်လေ၏။
ရှောလုမင်းကြီးမှစ၍ ဒါဝိဒ်၏အစ်ကိုတို့နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ရန် ဧလာချိုင့်၌ စခန်းချနေကြ၏။
ငယ်သားဆယ်ဦးကို လွှတ်၍ ဒါဝိဒ်က ထိုငယ်သားတို့အား “ကရမေလမြို့သို့ တက်သွားပြီး နာဗလထံသို့ သွားကြလော့။ ငါ့ကိုယ်စား သူ့ကို နှုတ်ဆက်ကြလော့။
မောပန်း၍ ဒါဝိဒ်နောက်သို့မလိုက်နိုင်တော့ဘဲ ဗေသော်ချောင်းနားတွင်နေခဲ့သော လူနှစ်ရာတို့ရှိရာသို့ ဒါဝိဒ်ပြန်ရောက်လာသောအခါ သူတို့သည် ဒါဝိဒ်နှင့် သူနှင့်အတူပြန်လာသောလူတို့ကို ကြိုဆိုရန် ထွက်လာကြ၏။ ဒါဝိဒ်သည် သူတို့အနီးသို့ရောက်လာ၍ သူတို့အား နှုတ်ဆက်စကားပြောဆိုလေ၏။