ဧလာဇာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ပါသဒမ္မိမ်အရပ်ရှိ မုယောစပါးအပြည့်စိုက်ထားသောလယ်ကွက်၌နေစဉ် ဖိလိတ္တိလူမျိုးတို့ စစ်တိုက်ရန် စုဝေးချီတက်လာကြ၏။ ကျန်စစ်သည်များ ဖိလိတ္တိလူမျိုးတို့ရှေ့မှ ထွက်ပြေးကုန်သော်လည်း
၁ ရာ 17:1 - မြန်မာ့စံမီသမ္မာကျမ်း ယခုတစ်ဖန် ဖိလိတ္တိလူမျိုးတို့သည် စစ်တိုက်ရန် စစ်သည်တို့ကို စုစည်းကြ၏။ သူတို့သည် စောခေါမြို့တွင် စုဝေး၍ ယုဒပြည်၊ စောခေါမြို့နှင့် အဇေကာမြို့ကြားရှိဧဖက်ဒမိမ်အရပ်တွင် စခန်းချကြ၏။ Common Language Bible ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်ရှောခေါ မြို့တွင်စုရုံးကာ ထိုမြို့နှင့်အဇေကာမြို့စပ် ကြားဧဖက်ဒမိမ်အရပ်တွင်တပ်ချထား ကြ၏။- Garrad Bible ထို နောက် စစ် တိုက် ရန် ယု ဒ နယ်၊ စော ခေါ မြို့ တွင် ဖိ လိ တ္တိ အ လုံး အ ရင်း တို့ စု ရုံး စည်း ဝေး ပြီး လျှင် ၎င်း မြို့ နှင့် အ ဇေ ကာ မြို့ ကြား၊ ဧ ဖက် ဒ မ္မိမ် အ ရပ်၌ စွဲ ရပ် ကြ ၏။ Judson Bible ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေများကိုနှိုးဆော်၍ ယုဒခရိုင် ရှောခေါမြို့၌ စုဝေးသဖြင့်၊ ရှောခေါမြို့နှင့် အဇေကာမြို့စပ်ကြား ဒမိမ်အရပ်မှာတပ်ချကြ၏။ |
ဧလာဇာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ပါသဒမ္မိမ်အရပ်ရှိ မုယောစပါးအပြည့်စိုက်ထားသောလယ်ကွက်၌နေစဉ် ဖိလိတ္တိလူမျိုးတို့ စစ်တိုက်ရန် စုဝေးချီတက်လာကြ၏။ ကျန်စစ်သည်များ ဖိလိတ္တိလူမျိုးတို့ရှေ့မှ ထွက်ပြေးကုန်သော်လည်း
ထို့ပြင် ဖိလိတ္တိလူမျိုးတို့သည်လည်း မြေနိမ့်ဒေသရှိမြို့ရွာများနှင့် ယုဒပြည်နေဂေ့အရပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဗက်ရှေမက်မြို့၊ အာယလုန်မြို့၊ ဂေဒရုတ်မြို့၊ စောခေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တိမနတ်မြို့နှင့်ဝန်းကျင်မြို့ရွာများ၊ ဂိမဇောမြို့နှင့်ဝန်းကျင်မြို့ရွာများကို သိမ်းပိုက်ကာ ထိုနေရာတို့၌ နေထိုင်ကြ၏။
ထိုအချိန်ကား ဘေဘီလုံဘုရင်နှင့် သူ၏စစ်သည်များက ဂျေရုဆလင်မြို့နှင့် ယုဒပြည်၌ကျန်ရှိသောမြို့များဖြစ်သည့် လာခိရှမြို့၊ အဇေကာမြို့တို့ကို တိုက်ခိုက်နေသောအချိန်ဖြစ်၏။ ဤကျန်ရှိသောမြို့တို့သည် ယုဒခံတပ်မြို့များဖြစ်၏။
ဖိလိတ္တိမင်း ငါးပါးအပါအဝင် ခါနာန်လူမျိုးအားလုံး၊ ဆီဒုန်လူမျိုးနှင့် ဗာလဟေရမုန်တောင်မှ လီဘိုဟာမတ်တိုင်အောင် လက်ဘနွန်တောင်တစ်လျှောက်တွင် နေထိုင်ကြသောဟိဝိလူမျိုး တို့ဖြစ်ကြ၏။
ဖိလိတ္တိလူမျိုးတို့သည်လည်း အစ္စရေးလူမျိုးတို့ကို ပြန်လည်တိုက်ခိုက်ရန် စုဝေးကြပြီးလျှင် စစ်ရထားသုံးသောင်း၊ မြင်းစီးသူရဲခြောက်ထောင်၊ ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားသောစစ်သည်တို့နှင့်တကွ ချီတက်လာ၍ ဗေသဝင်မြို့အရှေ့ဘက် မိတ်မတ်မြို့၌ စခန်းချကြ၏။
ရှောလုမင်းကြီးလည်း ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ရာမှပြန်လာ၏။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိမိတို့နေရပ်သို့ ပြန်သွားကြလေ၏။
ရှောလုမင်းကြီးလက်ထက်ကာလပတ်လုံး ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့ရ၏။ သူသည် ခွန်အားကြီးသူ၊ ရဲစွမ်းသတ္တိရှိသူတို့ကို ခေါ်ယူစုဆောင်းထားတတ်၏။
အစ္စရေးအမျိုးသားတို့သည် မိဇပါမြို့၌ စုဝေးကြကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားသောအခါ ဖိလိတ္တိမင်းတို့သည် အစ္စရေးအမျိုးသားတို့ကိုတိုက်ခိုက်ရန် ချီလာကြ၏။ ထိုသတင်းကို အစ္စရေးအမျိုးသားတို့ ကြားသိသောအခါ ဖိလိတ္တိလူမျိုးတို့ကို ကြောက်ရွံ့ကြကုန်၏။