ထိုအခါ ထာဝရဘုရားသည် မြေကြီးပေါ်တွင် လူကိုဖန်ဆင်းခဲ့သည်ကို ဝမ်းနည်း၍ စိတ်နှလုံးထိခိုက်တော်မူ၏။
၁ ရာ 15:35 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်မှစ၍ ရှမွေလ အနိစ္စရောက်သည်အထိ ရှောလုမင်းကြီးနှင့် သွားရောက်တွေ့ဆုံခြင်းမရှိတော့ပေ။ သို့သော် ရှမွေလသည် ရှောလုမင်းကြီးအတွက် ငိုကြွေးမြည်တမ်းရလေ၏။ ထာဝရဘုရားသည်လည်း ရှောလုကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် ခန့်ထားသည့်အဖြစ်ကြောင့် ဝမ်းနည်းတော်မူ၏။ Common Language Bible ရှမွေလသည်အသက်ရှင်သမျှကာလပတ် လုံး နောင်အဘယ်အခါမျှမင်းကြီးနှင့်မတွေ့ ရတော့ချေ။ သို့ရာတွင်သူသည်ရှောလုအတွက် များစွာဝမ်းနည်းမိ၏။ ထာဝရဘုရားသည် လည်းရှောလုအား ဣသရေလဘုရင်အဖြစ် ခန့်ထားမိခဲ့သည့်အတွက်စိတ်မချမ်းမသာ ဖြစ်တော်မူ၏။ Garrad Bible ရှ မွေ လ သည် ရှော လု မင်း အ တွက် အ လွန် ဝမ်း နည်း ၍ မ ကွယ် လွန် မီ တိုင် အောင် ရှော လု မင်း ကို မ ကြည့် တော့ ချေ။ ထာ ၀ ရ ဘု ရား လည်း ဣ သ ရေ လူ မျိုး အ ပေါ် တွင် ရှော လု ကို ဘု ရင် တင် မြှောက် သည့် အ တွက် စိတ် တော် မ သာ မ ယာ ဖြစ် တော် မူ သ တည်း။ Judson Bible ရှောလု အနိစ္စမရောက်မီတိုင်အောင်၊ ရှမွေလသည် နောက်တစ်ဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသောအမှုကို နောင်တရတော်မူ၏။ |
ထိုအခါ ထာဝရဘုရားသည် မြေကြီးပေါ်တွင် လူကိုဖန်ဆင်းခဲ့သည်ကို ဝမ်းနည်း၍ စိတ်နှလုံးထိခိုက်တော်မူ၏။
ထို့ကြောင့် ရှောလုမင်းကြီး၏သမီးတော် မိခါလသည် သေသည်အထိ သားသမီး မထွန်းကားခဲ့ပေ။
လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
အကျွန်ုပ်သည် သစ္စာမဲ့သောသူတို့ကိုမြင်သောအခါ စက်ဆုပ်ပါ၏။ အကြောင်းမူကား သူတို့သည် ကိုယ်တော်၏မိန့်တော်မူချက်တို့ကို မစောင့်ထိန်းကြပါ။
အကြောင်းမူကား သင်တို့အား မကြာခဏ ငါပြောခဲ့ပြီး ယခုတစ်ဖန် မျက်ရည်ကျလျက်ပြောသည်မှာ များစွာသောသူတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကိုရန်ဘက်ပြုလျက် အသက်ရှင်လျှောက်လှမ်းနေကြ၏။
“ရှောလုကို ဘုရင်တင်မြှောက်မိ၍ ငါဝမ်းနည်း၏။ သူသည် ငါ့စကားကို မနာခံ၊ ငါ့ထံမှလမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ရှမွေလသည် စိတ်မချမ်းမသာဖြစ်၍ ထာဝရဘုရားထံ တစ်ညလုံးအော်ဟစ်ဆုတောင်းလေ၏။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
သူသည် မင်းဝတ်တန်ဆာများကို ချွတ်၍ ရှမွေလရှေ့တွင် ပရောဖက်ပြုလေ၏။ ထိုနေ့တစ်နေ့လုံး၊ ထိုညတစ်ညလုံး သူသည် အဝတ်အချည်းစည်းဖြင့် လှဲနေ၏။ ထို့ကြောင့် “ရှောလုမင်းကြီးသည်လည်း ပရောဖက် တစ်ပါးပေလော”ဟု ဆိုစမှတ်ရှိလေ၏။