သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
၁ ရာ 15:18 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် မိမိအမှုတော်ကိုထမ်းဆောင်ရန် သင့်ကို စေလွှတ်ခဲ့၏။ သင့်အား ‘အပြစ်သားအာမလက်လူမျိုးတို့ကို သွားရောက်ချေမှုန်းလော့။ တစ်ယောက်မကျန်အကုန်ချေမှုန်းလော့’ဟု မိန့်တော်မူခဲ့၏။ Common Language Bible ယုတ်မာသောထိုအာမလက်အမျိုးသားတို့ အား သုတ်သင်ပစ်ရန်အမိန့်ပေး၍သင့်ကိုစေ လွှတ်ခဲ့၏။ ကိုယ်တော်သည်သူတို့အားတစ် ယောက်မကျန်သတ်ဖြတ်ပြီးသည်တိုင်အောင် စစ်တိုက်ရန်မှာကြားတော်မူခဲ့၏။- Garrad Bible အ ပြစ် သား ဖြစ် သော အာ မ လက် ပြည် သူ ပြည် သား တို့ ကို မြေ လှန် ရန် ခ ရီး သွား လျက်၊ အ ကုန် အ စင် ပျက် ပြုန်း သည့် တိုင် အောင် စစ် တိုက် လော့ ဟူ သော အ မိန့် နှင့် လွှတ် လိုက် တော် မူ၏။ Judson Bible ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမီတိုင်အောင် စစ်တိုက်လော့ဟု သင့်ကိုဝေးသောအရပ်သို့ စေလွှတ်တော်မူ၏။ |
သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
ဘေးဒုက္ခသည် ဒုစရိုက်ပြုသောသူတို့အဖို့၊ ကပ်ဘေးသည် အပြစ်ကျူးလွန်သောသူတို့အဖို့ မဟုတ်လော။
ထာဝရဘုရား၏လမ်းတော်သည် တည်ကြည်သောသူအတွက် မှီခိုရာဖြစ်၏။ အပြစ်ဒုစရိုက်ကိုပြုကျင့်သောသူတို့အတွက်မူကား ပျက်စီးခြင်းအကြောင်းဖြစ်၏။
ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
အသက်ဆုံးရှုံးသွားသော ထိုအပြစ်သားတို့၏မီးကျီးခံဗန်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်ပြီးဖြစ်၍ သန့်ရှင်းသောကြောင့် အပြားခတ်ပြီး ယဇ်ပလ္လင်ကိုအုပ်ထားရမည်။ ၎င်းသည် အစ္စရေးအမျိုးသားတို့အတွက် အမှတ်လက္ခဏာအဖြစ်ရှိရမည်”ဟု မိန့်တော်မူ၏။
ငါတို့သည် အပြစ်သားလူမျိုးခြားတို့ထဲမှမဟုတ်ဘဲ ဇာတိအားဖြင့် ဂျူးလူမျိုးများဖြစ်ကြ၏။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။