ရှောလုမင်းကြီးလက်ထက်ကာလပတ်လုံး ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့ရ၏။ သူသည် ခွန်အားကြီးသူ၊ ရဲစွမ်းသတ္တိရှိသူတို့ကို ခေါ်ယူစုဆောင်းထားတတ်၏။
ရှောလုသည်အသက်ရှင်သမျှကာလပတ်လုံး ဖိလိတ္တိအမျိုးသားတို့နှင့်အပြင်းအထန်တိုက် ပွဲဝင်ခဲ့ရ၏။ ထို့ကြောင့်သူသည်ခွန်အားကြီး သူသို့မဟုတ်ရဲစွမ်းသတ္တိရှိသူကိုတွေ့ရှိရ သည့်အခါတိုင်း မိမိ၏တပ်မတော်တွင်ဝင် ရောက်အမှုထမ်းစေတော်မူ၏။
ရှော လု မင်း လက် ထက် ကာ လ ပတ် လုံး၊ ဖိ လိ တ္တိ လူ မျိုး နှင့် အ ကြီး အ ကျယ် စစ် ရေ ဖြစ် ပွား၍ ရှော လု မင်း သည် သူ ရ သ တ္တိ ရှိ သူ၊ အ စွမ်း သ တ္တိ ရှိ သူ ဟူ သ မျှ ကို တွေ့ တိုင်း ခေါ် ယူ ဖွဲ့ စည်း လေ့ ရှိ၏။
ရှောလုလက်ထက် ကာလပတ်လုံး၊ ဖိလိတ္တိလူတို့ကို ကျပ်ကျပ်စစ်တိုက်ရကြ၏။ ခွန်အားကြီးသောသူ၊ ရဲရင့်သောသူ တွေ့သမျှတို့ကို ရှောလုသည် ရွေးကောက်ခန့်ထားလေ့ရှိ၏။
ဖိလိတ္တိလူမျိုးတို့သည်လည်း အစ္စရေးလူမျိုးတို့ကို ပြန်လည်တိုက်ခိုက်ရန် စုဝေးကြပြီးလျှင် စစ်ရထားသုံးသောင်း၊ မြင်းစီးသူရဲခြောက်ထောင်၊ ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားသောစစ်သည်တို့နှင့်တကွ ချီတက်လာ၍ ဗေသဝင်မြို့အရှေ့ဘက် မိတ်မတ်မြို့၌ စခန်းချကြ၏။
ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အုပ်စိုး၍ မောဘလူမျိုး၊ အမ္မုန်လူမျိုး၊ ဧဒုံလူမျိုး၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးစသည့် ဝန်းကျင်ရှိရန်သူအပေါင်းတို့ကို တိုက်ခိုက်ချေမှုန်းလေ၏။ စစ်တိုက်လေရာရာ၌လည်း အောင်မြင်မှုရလေ၏။
ရှမွေလသည် အသက်ကြီးလာသောအခါ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရန် မိမိ၏သားတို့ကို ခန့်အပ်ထား၏။
“သင်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်၏ထုံးနည်းကား ဤသို့ဖြစ်၏။ သူသည် သင်တို့၏သားများကိုခေါ်၍ သူ၏ရထားမောင်းနှင်သူများ၊ မြင်းစီးသူရဲများအဖြစ် ခန့်ထားလိမ့်မည်။ သူတို့ကို သူ့ရထားရှေ့တွင် ပြေးစေလိမ့်မည်။