ရှောလုမင်းကြီး၏မိဖုရားမှာ အဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သူကြီးမှာ သူ့ဘထွေးနေရ၏သား အာဗနာဖြစ်၏။
၁ ရာ 14:51 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီး၏ဖခင် ကိရှနှင့်အာဗနာ၏ဖခင်နေရတို့သည် အဗျေလ၏သားများ ဖြစ်ကြ၏။ Common Language Bible ရှောလု၏ခမည်းတော်ကိရှနှင့်အာဗနာ ၏ဖခင်နေရတို့သည် အဗျေလ၏သားများ ဖြစ်သတည်း။ Garrad Bible ခ မည်း တော် ကိ ရှ နှင့် အာ ဗ နာ့ အ ဘ နေ ရ တို့ သည် အ ဗျေ လ၏ သား ဖြစ်၏။ Judson Bible ခမည်းတော် ကိရှနှင့် အာဗနာ၏အဘနေရသည် အဗျေလ၏သားဖြစ်၏။ |
ရှောလုမင်းကြီး၏မိဖုရားမှာ အဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သူကြီးမှာ သူ့ဘထွေးနေရ၏သား အာဗနာဖြစ်၏။
ထိုအခါ ဒါဝိဒ်သည် ထ၍ ရှောလုမင်းကြီး စခန်းချရာနေရာသို့သွားလျှင် ရှောလုမင်းကြီးနှင့် သူ၏စစ်သူကြီးဖြစ်သော နေရ၏သားအာဗနာတို့ အိပ်သောနေရာကို တွေ့လေ၏။ ရှောလုမင်းကြီးသည် တပ်သားများဝိုင်းရံထားသောတပ်စခန်းထဲ၌ အိပ်နေ၏။
ကိရှအမည်ရှိသော ဗင်္ယာမိန်အမျိုးသားတစ်ယောက်ရှိ၏။ သူသည် ဗင်္ယာမိန်အမျိုးသားအာဖိ၏တီ၊ ဗေခေါရတ်၏မြစ်၊ ဇေရော်၏မြေး၊ အဗျေလ၏သားဖြစ်၏။ သူသည် ဥစ္စာပစ္စည်းကြွယ်ဝသူတစ်ဦးဖြစ်၏။
ရှောလုကလည်း “အကျွန်ုပ်အမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့တွင် အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အမျိုးအနွယ်မှ ဖြစ်သည်မဟုတ်လော။ အကျွန်ုပ်၏မျိုးနွယ်စုသည်လည်း ဗင်္ယာမိန်မျိုးနွယ်စုအပေါင်းတို့တွင် အသိမ်ငယ်ဆုံးမျိုးနွယ်စု ဖြစ်သည်မဟုတ်လော။ ယခု အကျွန်ုပ်အား အဘယ်ကြောင့် ဤစကားများကိုပြောသနည်း”ဟု ပြန်ပြော၏။