ရှောလုမင်းကြီးလည်း ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ရာမှပြန်လာ၏။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိမိတို့နေရပ်သို့ ပြန်သွားကြလေ၏။
ထိုနောက်ရှောလုသည်ဖိလိတ္တိအမျိုးသား တို့အား လိုက်လံတိုက်ခိုက်မှုကိုရပ်စဲလိုက် ၏။ လူတို့သည်လည်းမိမိတို့နယ်အသီး သီးသို့ပြန်ကြကုန်၏။
ရှော လု မင်း လည်း ဖိ လိ တ္တိ တပ် ကို မ လိုက် လံ ဘဲ ဆုတ် ပြန် ရာ ဖိ လိ တ္တိ တပ် သည် နေ ရင်း ပြည် သို့ ပြန် သွား ကြ ကုန် ၏။
ထိုနောက် ရှောလုသည် ဖိလိတ္တိလူတို့ကိုမလိုက်။ သူတို့သည် နေရင်းအရပ်သို့ ပြန်သွားကြ၏။
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။
ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အုပ်စိုး၍ မောဘလူမျိုး၊ အမ္မုန်လူမျိုး၊ ဧဒုံလူမျိုး၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးစသည့် ဝန်းကျင်ရှိရန်သူအပေါင်းတို့ကို တိုက်ခိုက်ချေမှုန်းလေ၏။ စစ်တိုက်လေရာရာ၌လည်း အောင်မြင်မှုရလေ၏။
ယခုတစ်ဖန် ဖိလိတ္တိလူမျိုးတို့သည် စစ်တိုက်ရန် စစ်သည်တို့ကို စုစည်းကြ၏။ သူတို့သည် စောခေါမြို့တွင် စုဝေး၍ ယုဒပြည်၊ စောခေါမြို့နှင့် အဇေကာမြို့ကြားရှိဧဖက်ဒမိမ်အရပ်တွင် စခန်းချကြ၏။