အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်အားဖြင့် တပ်တစ်တပ်လုံးကို ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်အားဖြင့် တံတိုင်းကိုလည်း ကျော်နိုင်ပါ၏။
၁ ရာ 14:13 - မြန်မာ့စံမီသမ္မာကျမ်း ယောနသန်သည် လေးဖက်ထောက်တက်သွား၍ သူ့လက်နက်ကိုင်လုလင်သည်လည်း သူ့နောက်မှ လိုက်တက်၏။ ယောနသန်သည် ရှေ့မှနေ၍ ဖိလိတ္တိလူမျိုးတို့ကိုလှဲချ၏။ သူ့လက်နက်ကိုင်လုလင်သည်လည်း နောက်မှနေ၍ ထိုသူတို့ကို သတ်ဖြတ်လေ၏။ Common Language Bible တောင်ကြားလမ်းထဲမှလေးဖက်တွား၍ထွက် လာခဲ့၏။ လူငယ်သည်လည်းသူ၏နောက်မှ လိုက်လာလေသည်။ ယောနသန်သည်ဖိလိတ္တိ အမျိုးသားတို့အားခုတ်လှဲ၍လူငယ်က သူတို့ကိုသတ်ဖြတ်လိုက်လေသည်။- Garrad Bible လေး ဘက် ထောက် တက် လျှင် လု လင် လည်း လိုက် လေ၏။ ယော န သန့် ရှေ့ ဖိ လိ တ္တိ တပ် သား တို့ ရှုံး သေ၍ လု လင် လည်း နောက် ထပ် လုပ် ကြံ လေ ၏။ Judson Bible လေးဘက်တွားလျက် တက်၍၊ လုလင်လည်းလိုက်၏။ ယောနသန်ရှေ့မှာ ဖိလိတ္တိလူတို့သည် လဲ၍ လုလင်သည် သူ့သခင့်နောက်မှာ လုပ်ကြံလေ၏။ |
အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်အားဖြင့် တပ်တစ်တပ်လုံးကို ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်အားဖြင့် တံတိုင်းကိုလည်း ကျော်နိုင်ပါ၏။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
ထာဝရဘုရားသည် သင့်ကိုပုန်ကန်ထကြွသောရန်သူတို့ကို သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်။ သူတို့သည် သင့်ထံသို့ လမ်းတစ်လမ်းတည်းဖြင့် လာကြသော်လည်း သင့်ထံမှ လမ်းခုနစ်သွယ်ဖြင့် ထွက်ပြေးကြရလိမ့်မည်။
သူတို့၏ကျောက်ဆောင်သည် သူတို့ကိုရောင်းပစ်တော်မမူလျှင်၊ ထာဝရဘုရားသည် သူတို့ကိုစွန့်ပစ်တော်မမူလျှင် လူတစ်ယောက်သည် လူတစ်ထောင်ကို မည်သို့လိုက်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို မည်သို့ထွက်ပြေးစေနိုင်မည်နည်း။
မီးအရှိန်ကိုငြိမ်းစေခြင်း၊ ဓားဘေးမှလွတ်မြောက်ခြင်း၊ အားနည်းရာမှ အားကြီးလာခြင်း၊ စစ်ပွဲ၌ ခွန်အားနှင့်ပြည့်စုံလာ၍ တိုင်းတစ်ပါးသားတို့၏စခန်းများကိုဖြိုခွင်းခြင်း စသည့်အမှုများကိုပြုခဲ့ကြ၏။
သင်တို့ကို ကတိပြုတော်မူခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့စစ်တိုက်တော်မူသည်ဖြစ်၍ သင်တို့တွင်တစ်ယောက်သည် အယောက်တစ်ထောင်ကိုလိုက်လိမ့်မည်။
ထိုအခါ သူသည် သူ၏လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ “လူတို့က ငါ့ကို ‘မိန်းမသတ်၍သေရသည်’ဟု မဆိုရလေအောင် သင့်ဓားကိုဆွဲထုတ်၍ ငါ့ကို သတ်ပါလော့”ဟု ဆိုသဖြင့် သူ၏ငယ်သားသည် သူ့ကိုထိုးလိုက်ရာ သူသေလေ၏။
ကင်းစောင့်တပ်သားတို့က ယောနသန်နှင့်သူ၏လက်နက်ကိုင်လုလင်အား “ငါတို့ထံ တက်လာကြ။ ငါတို့အကြောင်း သိစေရမည်”ဟု အော်ပြော၏။ ယောနသန်ကလည်း သူ့လက်နက်ကိုင်လုလင်အား “ငါ့နောက် လိုက်ခဲ့။ ထာဝရဘုရားသည် သူတို့ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူပြီ”ဟု ဆို၏။
ဤသို့ ယောနသန်နှင့်သူ့လက်နက်ကိုင်လုလင်တို့သည် ပွဲဦးထွက်တိုက်ခိုက်ရာ၌ ဧကဝက်ခန့်မျှရှိသောမြေကွက်တွင် လူနှစ်ဆယ်ခန့်ကို သတ်ဖြတ်နိုင်၏။