သင့်အိမ်နီးချင်းကို မယုံနှင့်။ သင့်မိတ်ဆွေကိုလည်း မကိုးစားနှင့်။ သင့်ရင်ခွင်၌ အိပ်နေသောမိန်းမရှေ့တွင်လည်း စကားကို သတိထားပြောလော့။
၁ ရာ 14:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့တွင် ရှောလုမင်းကြီး၏သားတော်ယောနသန်သည် ခမည်းတော်ကို အသိမပေးဘဲ မိမိ၏လက်နက်ကိုင်လုလင်အား “လာပါ။ တစ်ဖက်ကမ်းရှိ ဖိလိတ္တိကင်းတပ်သို့ ကူးသွားကြစို့”ဟု ဆို၏။ Common Language Bible တစ်နေ့သ၌ယောနသန်သည် မိမိ၏လက် နက်ကိုသယ်ဆောင်သူလူငယ်အား``ဖိလိတ္တိ တပ်စခန်းသို့ငါတို့ဝင်ရောက်ကြအံ့'' ဟု ဆို၏။ ယင်းသို့ဆိုသော်လည်းဂိဗာမြို့နှင့် မလှမ်းမကမ်းရှိမိဂြုန်ရွာ၊ သလဲပင်အောက် တွင်စခန်းချလျက်နေသောခမည်းတော် ထံမှခွင့်ပန်ခြင်းမပြုခဲ့။ မင်းကြီး၏ထံ တွင်လူခြောက်ရာခန့်ရှိသတည်း။- Garrad Bible တစ် နေ့ သ၌ သား တော် ယော န သန် သည်၊ ခ မည်း တော် ရှော လု မင်း ကို ခွင့် မ ပန် ဘဲ၊ ဖိ လိ တ္တိ ကင်း တပ် သို့ ကူး သွား ကြ အံ့ ဟု လက် နက် ကိုင် လု လင် အား မိန့် ဆို လေ ၏။ Judson Bible တစ်နေ့သ၌ ရှောလု၏ သားယောနသန်သည် ခမည်းတော်ထံ၌ အခွင့်မပန်ဘဲ၊ လက်နက်ဆောင်လုလင်ကိုခေါ်၍၊ တစ်ဖက်၌နေသော ဖိလိတ္တိတပ်သို့ သွားကြကုန်အံ့ဟု ဆိုလေ၏။ |
သင့်အိမ်နီးချင်းကို မယုံနှင့်။ သင့်မိတ်ဆွေကိုလည်း မကိုးစားနှင့်။ သင့်ရင်ခွင်၌ အိပ်နေသောမိန်းမရှေ့တွင်လည်း စကားကို သတိထားပြောလော့။
ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်ထဲ၌ဘာမျှမပါသော်လည်း ဆိတ်သငယ်တစ်ကောင်ကိုဆွဲဖျက်သကဲ့သို့ ထိုခြင်္သေ့ကိုဆွဲဖျက်လေ၏။ ထိုသို့ပြုခဲ့သည်ကို မိဘတို့အားမပြောပြဘဲနေ၏။
သူသည် ပျားရည်ကို လက်နှင့်နှိုက်စားပြီး ဆက်လာရာ မိဘရှိရာနေရာပြန်ရောက်လာသောအခါ မိဘကိုလည်းကျွေး၏။ သို့သော် ပျားရည်ကို ခြင်္သေ့အသေကောင်ထဲမှ နှိုက်လာကြောင်းကို မိဘတို့အား မပြောပြချေ။
ဂိဒေါင်လည်း မိမိ၏အစေအပါးဆယ်ယောက်ကိုခေါ်၍ ထာဝရဘုရားမိန့်မှာထားတော်မူသည့်အတိုင်းပြုလေ၏။ သူသည် ဖခင်၏အိမ်သားများ၊ မြို့သားများကိုကြောက်သောကြောင့် နေ့အချိန်၌ မပြုဘဲ ညအချိန်၌ ပြုလေ၏။
အစ္စရေးလူမျိုးထဲမှ လူအယောက်သုံးထောင်ကို ရွေးချယ်၏။ လူနှစ်ထောင်သည် ရှောလုမင်းကြီးနှင့်အတူ မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်ဒေသတို့တွင် နေရပြီး ကျန်လူတစ်ထောင်သည် ယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် နေရ၏။ ကျန်လူတို့ကိုမူကား မိမိတို့တဲသို့ အသီးသီးပြန်သွားစေ၏။
ထို့ကြောင့် စစ်တိုက်သောနေ့၌ ရှောလုမင်းကြီးနှင့် သားတော်ယောနသန်၌သာ ဓားလှံရှိ၏။ ရှောလုမင်းကြီး၊ ယောနသန်တို့နှင့်အတူရှိသောစစ်သည်တို့၌ကား ဓားလှံ မရှိကြချေ။
ထိုအချိန်တွင် ဖိလိတ္တိကင်းတပ်သည် မိတ်မတ်မြို့တောင်ကြားလမ်းသို့ ထွက်ခွာသွား၏။
ရှောလုမင်းကြီးသည် ဂိဗာမြို့စွန်၊ မိဂရုန်အရပ်ရှိသလဲပင်အောက်တွင် စခန်းချနေ၏။ သူနှင့်အတူ စစ်သည်အယောက်ခြောက်ရာခန့်ရှိ၏။
သူ့ငယ်သားတို့အား “သင်တို့ ငါ့ရှေ့မှ အလျင်သွားနှင့်ကြ။ သင်တို့နောက်မှ ငါလိုက်ခဲ့မည်”ဟု ဆို၏။ ဤကိစ္စကို သူ့ခင်ပွန်းနာဗလအား မပြောပြဘဲနေ၏။