သို့သော် ဆိုးညစ်သောသူတို့က “ဤသူသည် ငါတို့ကို မည်သို့ကယ်တင်နိုင်မည်နည်း”ဟု ဆိုလျက် သူ့အား မထီမဲ့မြင်ပြုပြီး လက်ဆောင်ပဏ္ဏာကို မဆက်သဘဲနေကြ၏။ သို့သော် သူသည် ဘာမျှမပြောဘဲ နှုတ်ဆိတ်နေ၏။
သို့ရာတွင်လူဆိုးလူမိုက်တို့က``ဤသူ သည်ငါတို့အား အဘယ်သို့အကျိုးပြုနိုင် ပါမည်နည်း'' ဟုဆိုကြ၏။ သူတို့သည် ရှောလုကိုအထင်သေးသဖြင့် အဘယ် လက်ဆောင်ကိုမျှမပေးမဆက်ကြ။
တ ရား မဲ့ သူ တို့ က မူ ကား ဤ သူ သည် ငါ တို့ ကို မည် သို့ ကယ် နိုင် အံ့ နည်း ဟု အောက် မေ့ လျက် မ ထီ မဲ့ မြင် ပြု၍ ပ ဏ္ဏာ မ ဆက် သော် လည်း ရှော လု မင်း ချုပ် တည်း လေ၏။
အဓမ္မလူတို့က၊ ဤသူသည် ငါတို့ကို အဘယ်သို့ ကယ်တင်လိမ့်မည်နည်းဟု ဆိုလျက်၊ လက်ဆောင်ကို မဆက်ဘဲ မထီမဲ့မြင်ပြုသော်လည်း၊ ရှောလုသည် အမှုမထားဘဲနေ၏။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။
နှစ်စဉ်နှစ်တိုင်း မင်းကြီးထံရောက်လာသောသူတို့သည် ငွေထည်ရွှေထည်များ၊ အဝတ်အထည်များ၊ လက်နက်များ၊ အမွှေးနံ့သာများ၊ မြင်းများ၊ လားများ စသည်တို့ကို လက်ဆောင်ပဏ္ဏာအဖြစ် အသီးသီးဆက်သလေ့ရှိကြ၏။
ရှောလမုန်မင်းကြီးသည် ယူဖရေးတီးမြစ်မှစ၍ ဖိလိတ္တိပြည်၊ အီဂျစ်ပြည်နယ်နိမိတ်တိုင်အောင် တိုင်းနိုင်ငံအလုံးစုံကို အုပ်ချုပ်ရ၏။ ထိုတိုင်းနိုင်ငံတို့သည် ရှောလမုန်မင်းကြီးအသက်ရှင်သမျှကာလပတ်လုံး လက်ဆောင်ပဏ္ဏာဆက်သရသောလက်အောက်ခံနိုင်ငံများ ဖြစ်ကြ၏။
ရှောလမုန်မင်းကြီးအား ရှင်ဘုရင်အဖြစ်ဘိသိက်ပေး၍ ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေကြောင်း ဒါဝိဒ်မင်းကြီးလက်ထက်တစ်လျှောက် ဒါဝိဒ်မင်းကြီးနှင့်မိတ်ဆွေဖြစ်ခဲ့သော တိုင်ရာဘုရင်ဟိရံမင်းကြီးကြားသိလျှင် ရှောလမုန်မင်းကြီးထံသို့ မိမိအမှုထမ်းများကိုစေလွှတ်၍ မိတ်ဖွဲ့စေ၏။
လူဆိုးလူမိုက်တို့သည် ယေရောဗောင်နှင့်ပူးပေါင်းပြီး ရှောလမုန်မင်းကြီး၏သားတော်ရောဗောင်ကို ဆန့်ကျင်ခဲ့ကြ၏။ ရောဗောင်သည် ငယ်ရွယ်သူဖြစ်၍ အတွေ့အကြုံနည်းသဖြင့် သူတို့ကို မတွန်းလှန်နိုင်ခဲ့ပေ။
ထို့ကြောင့် ထာဝရဘုရားသည် ယောရှဖတ်မင်းကြီးလက်ထဲ၌ နိုင်ငံတော်ကိုတည်မြဲစေ၏။ ယုဒလူမျိုးအပေါင်းတို့သည် ယောရှဖတ်မင်းကြီးထံ လက်ဆောင်ပဏ္ဏာများ ဆက်သကြသဖြင့် သူသည် ဓနဥစ္စာကြွယ်ဝပြီး ဘုန်းအသရေ ကြီးထွားလေ၏။
သို့သော် အကျွန်ုပ်သည် နားမကြားသူကဲ့သို့ မည်သည့်အရာကိုမျှမကြားပါ။ မိမိနှုတ်ကိုမဖွင့်သောဆွံ့အသူကဲ့သို့လည်း ဖြစ်ပါ၏။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
လူတို့ပြောသမျှသောစကားတို့ကို အာရုံမစိုက်နှင့်။ အာရုံစိုက်လျှင် သင်၏ကျွန်က သင့်ကိုကျိန်ဆဲသောစကားကို ကြားမိလိမ့်မည်။
ရှင်ဘုရင်က “သူ့အား ဘာမျှပြန်မပြောကြနှင့်”ဟု အမိန့်ရှိထားသောကြောင့် လူတို့လည်း ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
အိမ်ထဲသို့ဝင်၍ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့လျှင် ပျပ်ဝပ်လျက်ရှိခိုးကြ၏။ သူတို့၏ဘဏ္ဍာကြုတ်များကိုလည်းဖွင့်၍ ရွှေ၊ လော်ဗန်နှင့် မုရန်တည်းဟူသော လက်ဆောင်များကို သူငယ်တော်အားဆက်သကြ၏။
ဤသို့ဖြင့် ‘မည်သူသည် သင့်ကို အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း’ဟု ဆိုလျက် လူတို့ငြင်းပယ်ခဲ့သော ထိုမောရှေကို ဘုရားသခင်သည် ချုံပုတ်ထဲ၌ ထင်ရှားသောကောင်းကင်တမန်အားဖြင့် အကြီးအကဲနှင့်ရွေးနုတ်ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။
ဆိုးညစ်သောသူတို့ထကြွပြီး သင်မသိသောအခြားဘုရားများကို ‘ငါတို့သွား၍ ဝတ်ပြုကြစို့’ဟု ဆိုလျက် သူတို့သည် သူတို့မြို့၌နေထိုင်သောသူတို့ကို ဖြားယောင်းသွေးဆောင်နေကြောင်း သင်ကြားလျှင်
ထိုအခါ လူတို့က ရှမွေလအား “ ‘ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လော’ဟု ဆိုခဲ့သောသူများကား မည်သူနည်း။ အကျွန်ုပ်တို့ထံ အပ်ပါလော့။ သူတို့ကို သတ်ပစ်မည်”ဟု ဆိုကြ၏။
သို့သော် ရှောလုက “ယနေ့မှာ အစ္စရေးလူမျိုးတို့ကို ထာဝရဘုရားကယ်တင်တော်မူပြီဖြစ်၍ မည်သူ့ကိုမျှ မသတ်ရ”ဟု ဆို၏။
ထိုအခါ ယေရှဲသည် စားစရာများနှင့်စပျစ်ဝိုင်တစ်ဘူးကို ယူ၍ မြည်းပေါ်တွင်တင်ပြီး ဆိတ်သငယ်တစ်ကောင်နှင့်အတူ မိမိသားဒါဝိဒ်ကို ရှောလုမင်းကြီးထံ လွှတ်လိုက်လေ၏။
ဧလိ၏သားတို့သည် ထာဝရဘုရားနှင့် အကျွမ်းမဝင်၊ ဆိုးညစ်သောသားများဖြစ်ကြ၏။
ယခုမှာ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအားလုံးသည် ဘေးရောက်တော့မည်ဖြစ်၍ မည်သို့ပြုရမည်ကို သခင်မ သိမြင်ပါလော့။ အကျွန်ုပ်တို့သခင်သည် ဆိုးညစ်သူဖြစ်သောကြောင့် သူ့ကိုပြော၍ရမည်မဟုတ်ပါ”ဟု ဆို၏။