ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်က “ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်လျက်ရှိ၍ သားကိုမွေးဖွားလိမ့်မည်။ သူ၏အမည်ကို ဣရှမေလဟုမှည့်ခေါ်ရမည်။ အကြောင်းမူကား ထာဝရဘုရားသည် သင်ခံရသောဖိစီးနှိပ်စက်မှုကို ကြားသိတော်မူပြီ။
၁ ရာ 1:20 - မြန်မာ့စံမီသမ္မာကျမ်း အချိန်တန်သောအခါ ဟန္နသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလေ၏။ ဟန္နကလည်း “ဤသားသည် ထာဝရဘုရားထံ ဆုတောင်း၍ ရသောသားဖြစ်၏”ဟု ဆိုပြီး သူ၏အမည်ကို ရှမွေလ ဟုမှည့်ခေါ်လေ၏။ Common Language Bible ဟန္နသည်ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွား မြင်လေသည်။ သူက``ငါသည်ထာဝရဘုရား အားတောင်းခံသဖြင့်ဤသားကိုရ၏'' ဟုဆို ပြီးလျှင်ရှမွေလဟုနာမည်မှည့်လေသည်။ Garrad Bible ဟ န္န သ န္ဓေ ရ၍ နှစ် လည် သော အ ခါ သား ယောက်ျား ကို ဖွား မြင် သော် ထို သား ဆု ကို ထာ ဝ ရ ဘု ရား ထံ ပန် ခဲ့ ကြောင်း အ စွဲ ပြု၍ ရှ မွေ လ အ မည် ဖြင့် မှည့် လေ၏။ Judson Bible ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန်စေ့သောအခါ၊ သားယောက်ျားကို ဖွားမြင်ပြီးလျှင်၊ ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။ |
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်က “ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်လျက်ရှိ၍ သားကိုမွေးဖွားလိမ့်မည်။ သူ၏အမည်ကို ဣရှမေလဟုမှည့်ခေါ်ရမည်။ အကြောင်းမူကား ထာဝရဘုရားသည် သင်ခံရသောဖိစီးနှိပ်စက်မှုကို ကြားသိတော်မူပြီ။
ထိုအခါ ဘုရားသခင်သည် ရာခေလကိုအောက်မေ့တော်မူ၏။ ဘုရားသခင်သည် ရာခေလ၏တောင်းလျှောက်သံကိုနားညောင်း၍ သူ့အားသန္ဓေတည်ခွင့်ကိုပေးတော်မူ၏။
တစ်ဖန် အာဒံသည် မိမိမယားနှင့်ဆက်ဆံသဖြင့် မယားသည် သားကိုမွေးဖွား၍ “ကာဣနသည် အာဗေလကိုသတ်သောကြောင့် ဘုရားသခင်သည် အာဗေလကိုယ်စား အခြားသောမျိုးဆက်ကို အကျွန်ုပ်အတွက်ခန့်ထားတော်မူပြီ”ဟု ဆိုပြီး သား၏အမည်ကို ရှေသ ဟုမှည့်ခေါ်လေ၏။
“ဤသားသည် ထာဝရဘုရားကျိန်တော်မူသောမြေကြီးပေါ်၌ ငါတို့လုပ်ရသောအလုပ်နှင့် ငါတို့လက်ဖြင့်လုပ်ရသောပင်ပန်းခက်ခဲမှုမှ ငါတို့ကိုသက်သာရာရစေသောသားဖြစ်လိမ့်မည်”ဟု ဆိုလျက် သူ၏အမည်ကို နောဧ ဟုမှည့်ခေါ်လေ၏။
ယာဗက်က အစ္စရေးလူမျိုး၏ဘုရားသခင်ထံ “အကျွန်ုပ်ကို ကောင်းချီးပေးတော်မူပါ။ အကျွန်ုပ်နယ်မြေကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်နှင့်အတူ ပါရှိတော်မူပြီး ထိခိုက်ဒဏ်ရာရမည့်ဘေးအန္တရာယ်မှ ကွယ်ကာတော်မူပါ”ဟု အော်ဟစ်ဆုတောင်းသောအခါ သူဆုတောင်းသည့်အတိုင်း ဘုရားသခင်ပေးသနားတော်မူ၏။
ငါသည် ဆင်းရဲဒုက္ခရောက်သောအခါ ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် ငါ့ကိုထူးတော်မူ၏။
သူငယ်ကြီးပြင်းလာသောအခါ မိခင်သည် ဖာရောမင်းကြီး၏သမီးတော်ထံသို့ သူငယ်ကို ခေါ်ဆောင်လာ၍ သူသည် မင်းသမီး၏သားဖြစ်လာ၏။ မင်းသမီးက “သူ့ကိုရေထဲမှငါဆယ်ယူခဲ့၏”ဟု ဆိုပြီး သူ၏အမည်ကို မောရှေ ဟုမှည့်ခေါ်လေ၏။
ဇိပေါရသည် သားကိုမွေးဖွားလျှင် မောရှေက “ငါသည် တစ်ပါးအမျိုးသားပြည်၌ ဧည့်သည်ဖြစ်ရပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဂေရရှုံ ဟုမှည့်ခေါ်၏။
သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏။
ထို့ပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်တို့၏အကြောင်းများကိုပြောလျှင် အချိန်လောက်မည်မဟုတ်။