၁ ရာ 1:21 - မြန်မာ့စံမီသမ္မာကျမ်း21 ဧလကာနသည် ထာဝရဘုရားထံ နှစ်စဉ်ပူဇော်သောယဇ်ကို ပူဇော်ရန်နှင့် ကတိသစ္စာဝတ်ကိုပြုရန် သူ၏အိမ်သူအိမ်သားအပေါင်းတို့နှင့်အတူ သွားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ဧလကာနသည်မိမိ၏အိမ်ထောင်စုနှင့်အတူ နှစ်စဉ်ပူဇော်နေကျယဇ်ကိုလည်းကောင်း၊ မိမိ သစ္စာဝတ်ကိုဖြေရာအထူးယဇ်ကိုလည်းကောင်း ဘုရားသခင်အားပူဇော်ရန်ရှိလောမြို့သို့ သွားရောက်ဖို့အချိန်ကျရောက်လာပြန်၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ဧ လ ကာ န သည် အိမ် သူ အိမ် သား အ ပေါင်း တို့ နှင့် ထာ ဝ ရ ဘု ရား အား နှစ် စဉ် ပူ ဇော် မြဲ ပူ ဇော် ရန် လည်း ကောင်း၊ သ စ္စာ ဝတ် ဖြေ ဆို ရန် လည်း ကောင်း၊ ထွက် သွား မည့် ရှိ ရာ အခန်းကိုကြည့်ပါ။Judson Bible21 ဧလကာနသည် အိမ်သူအိမ်သားအပေါင်းတို့နှင့်အတူ နှစ်စဉ် ပြုရသောယဇ်ကိုလည်းကောင်း၊ သစ္စာကတိနှင့်ဆိုင်သော ပူဇော်သကာကိုလည်းကောင်း၊ ထာဝရဘုရားအားပူဇော်ခြင်းငှာ တက်သွားသောအခါ၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။