၁ ရာ 1:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူ၌ မယားနှစ်ယောက်ရှိ၏။ တစ်ယောက်၏အမည်မှာ ဟန္နဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ပေနိန္နဖြစ်၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌ကား သားသမီးမရှိချေ။ Common Language Bible ဧလကာနတွင်ဟန္နနှင့်ပေနိန္နဟူသောမယား နှစ်ယောက်ရှိ၏။ ပေနိန္နတွင်သားသမီးများရှိ ၍ဟန္နမှာမရှိချေ။- Garrad Bible ဧ လ ကာ န အ မည် ရှိ သူ တစ် ဦး၌ မ ယား နှစ် ယောက် ရှိ ရာ တစ် ယောက် ကား ဟ န္န၊ တစ် ယောက် ကား ပေ နိ န္န အ မည် ရှိ သ တည်း။ ပေ နိ န္န တွင် သား သ မီး ရ လျက် ဟ န္န မူ မှာ မ ရ ချေ။ Judson Bible ထိုသူသည် မယားနှစ်ယောက်ရှိ၏။ တစ်ယောက်ကား၊ ဟန္န၊ တစ်ယောက်ကား ပေနိန္နအမည် ရှိ၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌မရှိ။ |
ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။
လေအာအမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍ သူ့အားသန္ဓေတည်ခွင့်ကိုပေးတော်မူ၏။ ရာခေလမူကား မြုံသောမိန်းမဖြစ်၏။
လာမက်သည် မိန်းမနှစ်ယောက်ကို မိမိမယားအဖြစ်ယူလေ၏။ တစ်ယောက်၏အမည်မှာ အာဒ ဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ဇိလ ဖြစ်၏။
လာမက်သည် မိမိမယားတို့အား “အာဒနှင့်ဇိလတို့၊ ငါ့အသံကိုနားထောင်ကြလော့။ လာမက်၏မယားတို့၊ ငါ့စကားကိုစူးစိုက်နားထောင်ကြလော့။ ငါ့ကိုအနာတရဖြစ်စေသောလူ၊ ငါ့ကိုဒဏ်ရာရစေသောလူငယ်ကို ငါသတ်ခဲ့ပြီ။
ကိုယ်တော်ကလည်း“သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် မောရှေသည် သင်တို့အား မယားကိုကွာရှင်းခွင့်ပြုခဲ့၏။ သို့သော် အစအဦးမှစ၍ ထိုကဲ့သို့ဖြစ်သည်မဟုတ်။
သို့သော် အဲလစ်ဇဘက်သည် အမြုံဖြစ်၍ သူတို့၌သားသမီးမရှိ။ သူတို့နှစ်ဦးစလုံးသည်လည်း အသက်ကြီးရင့်နေကြပြီဖြစ်၏။
ထိုနေရာ၌ အာရှာအနွယ်မှ ဖနွေလ၏သမီး အန္နအမည်ရှိသော အသက်ကြီးရင့်သည့် ပရောဖက်မတစ်ဦးရှိ၏။ သူသည် ပျိုရွယ်သောအချိန်မှစ၍ ခင်ပွန်းနှင့်အတူ ခုနစ်နှစ်နေထိုင်ပြီးလျှင်
ထိုစဉ်က ဒန်မျိုးနွယ်စုမှ မာနော်အမည်ရှိသော ဇောရာမြို့သားတစ်ဦးရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားသမီး မရှိ။