တရားမျှတသောအမှုကိုစောင့်ထိန်း၍ ဖြောင့်မတ်သောအမှုကို အစဉ်အမြဲပြုကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
၁ ယော 3:7 - မြန်မာ့စံမီသမ္မာကျမ်း သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။ Common Language Bible သားသမီးတို့၊ အဘယ်သူမျှသင်တို့အား မှောက်မှားလမ်းလွဲအောင်မပြုစေနှင့်။ ခရစ်တော် သည်ဖြောင့်မတ်တော်မူသကဲ့သို့ အမှန်တရားကို ကျင့်သုံးသူသည်လည်းဖြောင့်မတ်သူဖြစ်၏။- Garrad Bible သူ ငယ် တို့၊ မည် သူ မျှ သင် တို့ ကို မ လှည့် ဖြား စေ နှင့်။ ဖြောင့် မတ် စွာ ပြု ကျင့် သူ သည် ကိုယ် တော် ဖြောင့် မတ် တော် မူ သည့် နည်း တူ ဖြောင့် မတ် ၏။ Judson Bible ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကို ကျင့်၏။ ကိုယ်တော် ဖြောင့်မတ်တော်မူသည်နည်းတူ၊ ထိုသူသည် ဖြောင့်မတ်ခြင်းရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သားသမီးတို့… မည်သူမျှ သင်တို့ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်စွာ ပြုမူသောသူသည် ကိုယ်တော်ဖြောင့်မတ်တော်မူသကဲ့သို့ ဖြောင့်မတ်၏။ |
တရားမျှတသောအမှုကိုစောင့်ထိန်း၍ ဖြောင့်မတ်သောအမှုကို အစဉ်အမြဲပြုကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။ ထို့ကြောင့် ဘုရားသခင်တည်းဟူသော ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက် ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။
အမှန်စင်စစ် သင်တို့၏ဖြောင့်မတ်ခြင်းသည် ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့ထက်မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်ဟု သင်တို့အား ငါဆို၏။
မည်သည့်လူမျိုးမဆို ကိုယ်တော်ကိုကြောက်ရွံ့လျက် ဖြောင့်မတ်စွာပြုကျင့်လျှင် နှစ်သက်လက်ခံတော်မူကြောင်း ငါအမှန်ပင်သဘောပေါက်ပြီ။
အကြောင်းမူကား ပညတ်တရားကိုကြားနာသောသူတို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ကြသည်မဟုတ်။ ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူတို့သာလျှင် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
အချည်းနှီးသောစကားတို့ဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
အကြောင်းမူကား အလင်း၏အသီးအပွင့်သည် အလုံးစုံသောကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတို့ဖြစ်ကြ၏။
ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းအသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ရောက်မည့်အကြောင်း ငါဆုတောင်း၏။
သို့သော် သားတော်နှင့်ပတ်သက်၍မူကား “အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် ကမ္ဘာအဆက်ဆက်တည်၍ ဖြောင့်မှန်သောအုပ်ချုပ်မှုသည် ကိုယ်တော့်နိုင်ငံတော်၏အုပ်ချုပ်မှုဖြစ်ပါ၏။
အာဗြဟံသည်လည်း လက်ရပစ္စည်းရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကို သူ့အားခွဲဝေပေးလှူ၏။ မေလခိဇေဒက်အမည်၏အဓိပ္ပာယ်မှာ ပထမအနေဖြင့် ဖြောင့်မတ်ခြင်း၏ဘုရင်ဟူ၍ဖြစ်ပြီး ထို့နောက် ငြိမ်သက်ခြင်း၏ဘုရင်တည်းဟူသော ဆလင်ဘုရင်ဟူ၍လည်းဖြစ်၏။
နှုတ်ကပတ်တော်ကို လိုက်နာကျင့်သုံးသောသူများဖြစ်ကြလော့။ မိမိတို့ကိုယ်ကိုလှည့်စား၍ ကြားနာသူသက်သက်မဖြစ်ကြနှင့်။
ဘုရားသခင်တစ်ဆူတည်းရှိကြောင်းကို သင်သည်ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးတို့ပင် ယုံကြည်၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။
ငါ့သားသမီးတို့၊ သင်တို့သည် အပြစ်မပြုကြစေရန် ဤအရာများကို သင်တို့ထံ ငါရေးလိုက်၏။ တစ်စုံတစ်ယောက်သည် အပြစ်ပြုမိခဲ့လျှင် ခမည်းတော်ထံ၌ ကူညီဖြေရှင်းပေးသူတည်းဟူသော ဖြောင့်မတ်သည့်အရှင်ယေရှုခရစ်တော်သည် ငါတို့အတွက်ရှိ၏။
သင်တို့ကိုလှည့်ဖြားသောသူတို့နှင့်ပတ်သက်၍ ဤအကြောင်းအရာများကို သင်တို့ထံ ငါရေးလိုက်ခြင်းဖြစ်၏။
ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ကြောင်းကိုလည်း သင်တို့သိကြ၏။
သားသမီးတို့၊ ငါတို့သည် စကားနှင့် နှုတ်အားဖြင့်သာမဟုတ်ဘဲ လုပ်ဆောင်မှုနှင့် သမ္မာတရားတို့အားဖြင့် ချစ်ကြကုန်စို့။
ကိုယ်တော်၌ ဤသို့မျှော်လင့်ထားသောသူတိုင်းသည် ကိုယ်တော်သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်ကိုသန့်ရှင်းစင်ကြယ်စေတတ်၏။
ငါတို့သည် တရားစီရင်တော်မူရာနေ့၌ ယုံကြည်စိတ်ချမှုရှိစေရန် ချစ်ခြင်းမေတ္တာသည် ငါတို့၌ပြည့်စုံ၏။ အကြောင်းမူကား ငါတို့သည်လည်း ဤလောကတွင် ကိုယ်တော်ကဲ့သို့ဖြစ်ကြ၏။