ယာကုပ် 2:19 - မြန်မာ့စံမီသမ္မာကျမ်း19 ဘုရားသခင်တစ်ဆူတည်းရှိကြောင်းကို သင်သည်ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးတို့ပင် ယုံကြည်၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ဘုရားတစ်ဆူတည်းသာရှိသည်ကိုယုံကြည် ၏။ ကောင်းပေ၏။ နတ်မိစ္ဆာများပင်လျှင်ထိုသို့ ယုံကြည်၍ကြောက်ရွံ့တုန်လှုပ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible19 ဘု ရား သ ခင် သည် တစ် ဆူ တည်း ဖြစ် ကြောင်း သင် ယုံ သည် မှာ သင့် လျော် ပေ၏။ နတ် ဆိုး တို့ လည်း ယုံ၍ ကြက် သီး ထ ကြ သည် တ ကား ဟု ဆို လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible19 ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးများပင် ယုံကြည်၍ ကြောက်ရွံ့ထိတ်လန့်ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။