Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 သင်​တို့​ကို​လှည့်ဖြား​သော​သူ​တို့​နှင့်​ပတ်သက်၍ ဤ​အကြောင်းအရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 သင်​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​ရန်​ကြိုး​စား သူ​တို့​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဤ​အ​ကြောင်း အ​ရာ​များ​ကို​ငါ​စာ​ရေး​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 သင် တို့ အား လှည့် ဖြား လို သူ တို့ နှင့် စပ်၍ ဤ အ ကြောင်း အ ရာ များ ကို ငါ ရေး လိုက် သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 သင်​တို့​ကို လှည့်​ဖြား​သော​သူ​တို့၏​အ​ကြောင်း​ကို ဤ​သို့ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 သင်တို့​အား လမ်းလွဲ​စေရန် ကြိုးစားနေသော​သူများ​အကြောင်း​ကို သင်တို့​ထံ ကျွန်ုပ်​ရေးလိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:26
12 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို လမ်းပြ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​မူကား သူ​တို့​ကို​ပင် မှားယွင်း​စေ​တတ်​၏​။


ငြိမ်းချမ်းမှု​မ​ရှိ​သော်လည်း ငြိမ်းချမ်း​သည်​ဟု ဆို​လျက် ငါ့​လူမျိုး​တော်​ကို လှည့်စား​ကြ​၏​။ တစ်ယောက်​က မြို့ရိုး​ကို​တည်ဆောက်​၍ သူ​တို့​က ထုံးဖြူ​သုတ်​၏​။


အကြောင်းမူကား ခရစ်တော်​အတုအယောင်​များ​နှင့် ပရောဖက်​အတုအယောင်​များ​ပေါ်လာ​၍ ဖြစ်နိုင်​လျှင် ရွေးကောက်​ခံရ​သော​သူ​တို့​ကို​ပင်​လှည့်ဖြား​ရန် နိမိတ်​လက္ခဏာ​များ​နှင့် အံ့သြဖွယ်ရာ​များ​ကို ပြု​ကြ​လိမ့်မည်။


မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း၊ ကောင်းကင်​တမန်​များ​ကို​ကိုးကွယ်​ခြင်း​တို့​၌ မွေ့လျော်​နေ​သော​သူ​တစ်စုံတစ်ဦး​ကြောင့် သင်​တို့​သည် ဆု​နှင့်​လွဲ​ရ​သည့်​အဖြစ်မျိုး​ကို အဖြစ်​မ​ခံ​ကြ​နှင့်။ ထို​သူ​တို့​သည် မြင်မက်​သော​အရာ​တို့​ကို နှိုက်နှိုက်ချွတ်ချွတ်​စူးစမ်း​၍ မိမိ​၏​သွေးသား​ဇာတိ​နှင့်ဆိုင်သော စိတ်နှလုံး​အားဖြင့် အချည်းနှီး​ထောင်လွှား​ကာ


ခရစ်တော်​၏​တရား​၌​အခြေ​မ​ပြု​ဘဲ လောက​၏​အခြေခံ​တရား​နှင့် လူ​တို့​၏​ဓလေ့​ထုံးတမ်း​၌​အခြေပြု​သော အတွေးအခေါ်​ပညာ​နှင့် အနှစ်သာရ​ကင်းမဲ့​သော​လှည့်ဖြား​မှု​တို့​ဖြင့် မည်သူ​က​မျှ သင်​တို့​ကို​မ​လွှမ်းမိုး​မ​သိမ်းသွင်း​စေရန် သတိပြု​ကြ​လော့။


သို့သော် နောင်​လာ​မည့်​အချိန်​ကာလ​များ​၌ လူ​အချို့​တို့​သည် လှည့်ဖြား​သော​ဝိညာဉ်​များ​နှင့် နတ်ဆိုး​တို့​၏​သွန်သင်​ချက်​များ​ကို အာရုံစိုက်​လျက် ယုံကြည်​ခြင်း​ကို​စွန့်ခွာ​ကြ​လိမ့်မည်​ဟု ဝိညာဉ်​တော်​သည် အတိအလင်း​မိန့်​တော်မူ​၏။


ဆိုးညစ်​သော​သူ​တို့​နှင့် လိမ်လည်​လှည့်ဖြား​သော​သူ​တို့​သည် သူတစ်ပါး​ကို​လှည့်ဖြား​လျက် လှည့်ဖြား​ခြင်း​ကို​လည်း​ခံရ​လျက် ပို၍​ဆိုးရွား​သော​အဖြစ်​သို့ ကျဆင်း​သွား​ကြ​လိမ့်မည်။


သားသမီး​တို့၊ သင်​တို့​ကို မည်သူမျှ မ​လှည့်ဖြား​စေ​နှင့်။ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​သည့်​နည်းတူ ဖြောင့်မတ်​ခြင်း​တရား​ကို​ကျင့်သုံး​သော​သူ​သည် ဖြောင့်မတ်​၏။


အကြောင်းမူကား ယေရှု​ခရစ်တော်​သည် လူသား​အဖြစ်​ဖြင့်​ကြွလာ​တော်မူ​ခဲ့​သည်​ကို ဝန်​မ​ခံ​သော​သူ​ဖြစ်​သည့် လှည့်ဖြား​သော​သူ​များစွာ​တို့​သည် ဤ​လောက​၌​ပေါ်လာ​ကြ​ပြီ။ ထိုသို့​သော​သူ​သည် လှည့်ဖြား​သော​သူ​ဖြစ်​ပြီး ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​လည်း​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ