ဖြောင့်မတ်သောသူသည် မတရားသောသူကို စက်ဆုပ်ရွံရှာတတ်၏။ ဆိုးယုတ်သောသူမူကား ဖြောင့်မှန်စွာပြုမူကျင့်ကြံသောသူကို စက်ဆုပ်ရွံရှာတတ်၏။
၁ ယော 3:13 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် မအံ့ဩကြနှင့်။ Common Language Bible သို့ဖြစ်၍ညီအစ်ကိုတို့၊ လောကသားတို့သည် သင်တို့ကိုမုန်းကြလျှင်မအံ့သြကြနှင့်။- Garrad Bible ညီ အစ် ကို တို့၊ သင် တို့ ကို ဤ လော က သား တို့ မုန်း ကြ လျှင် အံ့ သြ ခြင်း မ ရှိ ကြ နှင့်။ Judson Bible ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကို မုန်းသော်လည်း အံ့ဩခြင်းမရှိကြနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… လောကီသားတို့သည် သင်တို့ကို မုန်းလျှင် မအံ့ဩကြနှင့်။ |
ဖြောင့်မတ်သောသူသည် မတရားသောသူကို စက်ဆုပ်ရွံရှာတတ်၏။ ဆိုးယုတ်သောသူမူကား ဖြောင့်မှန်စွာပြုမူကျင့်ကြံသောသူကို စက်ဆုပ်ရွံရှာတတ်၏။
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
ထို့နောက် လူတို့သည် သင်တို့ကိုနှိပ်စက်ရန် အပ်နှံ၍ သင်တို့ကို သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ့နာမကြောင့် လူမျိုးတကာတို့၏မုန်းတီးခြင်းကို ခံရကြလိမ့်မည်။
လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
လူ့သားကြောင့် လူတို့သည် သင်တို့ကိုမုန်းတီးသောအခါ၌လည်းကောင်း၊ သင်တို့ကိုဝိုင်းပယ်၍ ကဲ့ရဲ့ပြစ်တင်ကာ သင်တို့၏နာမည်ကိုဖျက်သောအခါ၌လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတိုင်း မိမိတို့သည် ဘုရားဝတ်ကိုပြုနေသည်ဟု ထင်မှတ်သောအချိန်ကာလရောက်လာတော့မည်။
သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။
အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တရားကို သူတို့အားပေးအပ်ခဲ့ပါပြီ။ သို့ရာတွင် အကျွန်ုပ်သည် ဤလောကနှင့်မဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့်မဆိုင်ကြသောကြောင့် လောကီသားတို့သည် သူတို့ကိုမုန်းကြပါ၏။
‘သင်တို့သည် အသစ်တစ်ဖန်မွေးဖွားခြင်းခံရမည်’ဟု ငါဆိုသောကြောင့် မအံ့သြနှင့်။
လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကား မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့ပြုသောအမှုများမကောင်းကြောင်းကို ထောက်ပြသောကြောင့်ဖြစ်၏။
ပေတရုသည် ဤအခြင်းအရာကိုမြင်လျှင် “အစ္စရေးအမျိုးသားတို့၊ အဘယ်ကြောင့် ဤအမှုအရာကို အံ့သြကြသနည်း။ ထို့ပြင် ငါတို့သည် မိမိတို့တန်ခိုး၊ မိမိတို့အကျင့်သီလအားဖြင့် ဤသူလမ်းလျှောက်နိုင်ရန် လုပ်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်နေကြသနည်း။
အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ အကြောင်းမူကား ထိုစိတ်သဘောသည် ဘုရားသခင်၏ပညတ်တရားကို နာခံခြင်းမရှိ။ အမှန်စင်စစ် နာခံ၍လည်းမရနိုင်။
အမှန်စင်စစ် ခရစ်တော်ယေရှုအားဖြင့် ဘုရားဝတ်၌မွေ့လျော်စွာအသက်ရှင်ရန် အလိုရှိသောသူအားလုံးတို့သည် ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။
ဖောက်ပြန်သောသူတို့၊ လောကနှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကိုရန်ဘက်ပြုခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။
ထိုအခါ ကောင်းကင်တမန်က “သင်သည် အဘယ်ကြောင့်အံ့ဩသနည်း။ ထိုမိန်းမနှင့် သူ့ကိုသယ်ဆောင်သော ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိသည့် သားရဲတို့၏လျှို့ဝှက်နက်နဲသောအချက်ကို သင့်အား ငါပြောပြမည်။