အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့၏လမ်းကို သိတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား ပျက်စီးသွားလိမ့်မည်။
၁ ပေ 4:5 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အသက်ရှင်သောသူတို့နှင့်သေသောသူတို့ကို တရားစီရင်ရန် အသင့်ရှိတော်မူသောအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရလိမ့်မည်။ Common Language Bible ဤသို့ပြုကြသည့်အတွက်သူတို့သည်အသက် ရှင်သူနှင့်သေသူများအား တရားစီရင်ရန် အသင့်ရှိနေတော်မူသောဘုရားသခင်၏ ထံတော်၌စစ်ဆေးစီရင်ခြင်းကိုခံရလတ္တံ့။- Garrad Bible ရှင် သူ သေ သူ တို့ ကို စီ ရင် ဆုံး ဖြတ် ရန် အ သင့် ရှိ နေ တော် မူ သော အ ရှင့် ထံ သူ တို့ သည် အ ကြောင်း ပြ ရ ကြ လိမ့် မည်။ Judson Bible သို့ဖြစ်၍၊ အသက်ရှင်သော သူတို့ကိုလည်းကောင်း၊ သေသောသူတို့ကိုလည်းကောင်း တရားစီရင်ခြင်းငှာ အသင့်ရှိတော်မူသောသူ ရှေ့၌၊ ထိုသူတို့သည် စစ်ကြောခြင်းကို ခံရကြလတ္တံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် အသက်ရှင်သောသူနှင့် သေသောသူတို့ကို တရားစီရင်ရန် အသင့်ရှိတော်မူသော ဘုရားသခင်ထံ၌ ဖြေရှင်းချက်ပေးရလိမ့်မည်။ |
အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့၏လမ်းကို သိတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား ပျက်စီးသွားလိမ့်မည်။
အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။
သို့ဖြစ်၍ အို အစ္စရေးအမျိုး၊ သင်တို့နည်းလမ်းအတိုင်း သင်တို့တစ်ဦးစီကို ငါစီရင်မည်။ သင်တို့ အပြစ်ကျူးလွန်ရာမှ နောင်တရ၍ ပြန်လာလော့။ သို့ပြုလျှင် သင်တို့ပြုသောအပြစ်သည် သင်တို့အဖို့ ခလုတ်တံသင်း ဖြစ်မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့အား ငါဆိုသည်ကား လူတို့သည် မိမိတို့ပြောဆိုသည့် အကျိုးမရှိသောစကားအားလုံးအတွက် တရားစီရင်တော်မူရာနေ့၌ ဖြေရှင်းချက်ပေးကြရမည်။
သူဌေးသည် ဘဏ္ဍာစိုးကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည့်အရာမှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးအရာ၌ ဆက်၍မထားနိုင်သောကြောင့် သင်၏စီမံခန့်ခွဲမှုစာရင်းကို တင်ပြလော့’ဟု ဆို၏။
ထို့နောက် ကိုယ်တော်က ကိုယ်တော်သာလျှင်အသက်ရှင်သောသူနှင့်သေလွန်သောသူတို့ကိုတရားစီရင်သူအဖြစ် ဘုရားသခင်ခန့်အပ်ထားတော်မူသောအရှင်ဖြစ်ကြောင်း လူတို့အားဟောပြောရန်နှင့် သက်သေခံရန် ငါတို့အား မိန့်မှာတော်မူ၏။
အကြောင်းမူကား ဘုရားသခင်သည် မိမိခန့်အပ်ထားသောအရှင်အားဖြင့် ကမ္ဘာလောကအား ဖြောင့်မတ်စွာတရားစီရင်မည့်နေ့ရက်ကို သတ်မှတ်ထားတော်မူပြီး ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူခြင်းအားဖြင့် လူအပေါင်းတို့အား ခိုင်လုံသောအထောက်အထားကိုပေးတော်မူ၏”ဟု ဆိုလေ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် သေလွန်သောသူတို့နှင့်အသက်ရှင်သောသူတို့၏အရှင်သခင်ဖြစ်ရန်အတွက် အသေခံတော်မူပြီးနောက် အသက်ပြန်ရှင်တော်မူ၏။
ငါသည် ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ အသက်ရှင်သောသူတို့နှင့်သေသောသူတို့ကိုစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းနှင့် ကိုယ်တော်၏နိုင်ငံတော်ကိုအကြောင်းပြု၍ သင့်အား အလေးအနက်တိုက်တွန်းသည်ကား
ညီအစ်ကိုတို့၊ စီရင်ခြင်းမခံရမည့်အကြောင်း တစ်ဦးအပေါ်တစ်ဦး ပြစ်တင်ညည်းညူခြင်းကိုမပြုကြနှင့်။ ကြည့်ကြလော့။ တရားစီရင်သောအရှင်သည် တံခါးရှေ့၌ရပ်နေတော်မူပြီ။