အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ပေ 4:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် ဘုရားသခင်​၏​အလို​တော်​အရ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သူ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ မိမိ​တို့​၏​စိတ်ဝိညာဉ်​ကို သစ္စာ​နှင့်​ပြည့်စုံ​သော​ဖန်ဆင်းရှင်​ထံသို့ အပ်နှံ​ထား​ကြ​စေ။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့် အ​ညီ​ဆင်း​ရဲ​ခံ​ရ​ကြ​သူ​တို့​သည်​အ​ကျင့် ကောင်း​ကို​ပြု​လျက် မိ​မိ​တို့​အား​ဖန်​ဆင်း​တော် မူ​၍​သစ္စာ​တည်​တော်​မူ​သော​အ​ရှင်​၏​လက် တော်​သို့​မိ​မိ​တို့​ကိုယ်​ကို​အပ်​နှံ​ကြ​စေ။

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ဖြစ်၍ ဘု ရား သ ခင့် အ လို တော် အ တိုင်း ဒု က္ခ ခံ ရ သူ တို့ သည် သ စ္စာ တည် တော် မူ သော ဖန် ဆင်း ရှင့် ထံ ကိုယ့် နာမ် သက် ကို အ ကောင်း ပြု လျက် အပ် နှင်း ကြ စေ။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​အ​တိုင်း ဆင်း​ရဲ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်​ကို သ​စ္စာ​ရှိ​သော အ​သက်​သ​ခင်​ကဲ့​သို့ မှတ်​လျက်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​နေ၍၊ ကိုယ်​တော်၌ မိ​မိ​တို့ အ​သက်​ဝိ​ညာဉ်​ကို အပ်​နှံ​ကြ​စေ။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့ကြောင့် ဘုရားသခင်​၏ အလိုတော်​အရ ဆင်းရဲဒုက္ခ​ခံရသော​သူတို့​သည် မိမိတို့​၏ စိတ်ဝိညာဉ်​ကို သစ္စာရှိသော​ဖန်ဆင်းရှင်​ထံ အပ်နှံ​ပြီး ကောင်းမှု​ကို ဆက်​၍​ပြုသင့်၏။

အခန်းကိုကြည့်ပါ။



၁ ပေ 4:19
27 ပူးပေါင်းရင်းမြစ်များ  

“​ရှုရှန်​မြို့​တွင် ရှိသမျှ​သော​ဂျူး​လူမျိုး​တို့​ကို သွား​၍​စုစည်း​ပြီး နေ့​ရော​ည​ပါ သုံး​ရက်​ပတ်လုံး မ​စား​မ​သောက်​ဘဲ အကျွန်ုပ်​အတွက် အစာရှောင်​ဆုတောင်း​ကြ​ပါ​။ အကျွန်ုပ်​နှင့် အစေခံ​မိန်းကလေး​များ​သည်​လည်း ထိုနည်းတူ အစာရှောင်​ဆုတောင်း​ကြ​ပါ​မည်​။ ထို့နောက် ဥပဒေ​နှင့်​ဆန့်ကျင်​သော်လည်း ရှင်ဘုရင်​ထံ​အခစား​ဝင်​မည်​။ သေ​ရ​မည်​ဆိုလျှင်​လည်း အသေ​ခံ​ပါ​မည်​”​ဟု ပြန်ပြော​လိုက်​၏​။


ထာဝရဘုရား​သည် ငါ့​အမှု​ကို ပြီးပြည့်စုံ​စေ​တော်မူ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​များ​ကို ပစ်ထား​တော်​မ​မူ​ပါ​နှင့်​။


အကျွန်ုပ်​၏​ဝိညာဉ်​ကို ကိုယ်တော်​၏​လက်​သို့​အပ်နှံ​ပါ​၏​။ သမ္မာတရား​နှင့်​ပြည့်စုံ​တော်မူ​သော​ဘုရားသခင် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို ရွေးနုတ်ကယ်တင်​တော်မူ​ပြီ​။


သင်​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို ထာဝရဘုရား​ထံ​အပ်နှံ​၍ ကိုယ်တော်​ကို ယုံကြည်ကိုးစား​လော့​။ သို့ပြုလျှင် ကိုယ်တော်​စီရင်​ဆောင်ရွက်​တော်မူ​လိမ့်မည်​။


ငါ​၏​ဂုဏ်ကျေးဇူး​တော်​ကို ပြောကြား​ဖို့​ရန် လူမျိုး​တော်​ကို ငါ​ပုံဖော်ဖန်ဆင်း​ခဲ့​၏​။


သူ​တို့​အားလုံး​ကို ငါ့​နာမ​ဖြင့် ငါ​ခေါ်​၏​။ ငါ​၏​ဘုန်းအသရေ​အတွက် ငါ​ဖန်ဆင်း​၏​။ ငါ​ပုံဖော်ဖန်ဆင်း​၍ ငါ​ဖြစ်တည်​စေ​၏​”​ဟု မိန့်​တော်မူ​၏​။


အကျွန်ုပ်​၏​ဘုရားသခင်​သည် ကောင်းကင်တမန်​ကို​စေလွှတ်​၍ ခြင်္သေ့​တို့​၏​နှုတ်​ကို​ပိတ်​ထား​သဖြင့် ခြင်္သေ့​တို့​သည် အကျွန်ုပ်​ကို အန္တရာယ်​မ​ပြု​ပါ​။ အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့​တော်​၌ အပြစ်ကင်း​ကြောင်း ထင်ရှား​ပါ​၏​။ အရှင်မင်းကြီး​ရှေ့​တွင်​လည်း မည်သည့်​ပြစ်မှု​မျှ မ​ကျူးလွန်​ခဲ့​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။


ထိုအခါ ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လျက်“အို အဖ၊ အကျွန်ုပ်​၏​ဝိညာဉ်​ကို ကိုယ်တော်​၏​လက်​သို့ အပ်နှံ​ပါ​၏”​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့​မြွက်ဆို​ပြီးနောက် အသက်​ချုပ်ငြိမ်း​တော်မူ​၏။


သူ​တို့​သည် သတေဖန်​ကို ခဲ​နှင့်​ပေါက်​ကြ​စဉ် သတေဖန်​သည် ပတ္ထနာ​ပြု​လျက် “သခင်​ယေရှု၊ အကျွန်ုပ်​၏​ဝိညာဉ်​ကို လက်ခံ​တော်မူ​ပါ”​ဟု မြွက်ဆို​လေ​၏။


ကောင်း​သော​အမှု​ကို ဇွဲ​လုံ့လ​ဖြင့်​ပြု​လျက် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို​ရှာဖွေ​သော​သူ​တို့​အား ထာဝရ​အသက်​ကို ပေး​တော်မူ​လိမ့်မည်။


ထို​အကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေဒနာ​များ​ကို​လည်း ခံစား​နေ​ရ​၏။ သို့သော် ငါ​သည် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် မိမိ​ယုံကြည်​သော​အရှင်​ကို​သိ​၍ ကိုယ်တော်​ထံ၌ ငါ​အပ်​ထား​သော​အရာ​ကို ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်း​နိုင်​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။


အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​ခြင်း​အားဖြင့် မိုက်မဲ​သော​သူ​တို့​၏​အသိဉာဏ်​ကင်းမဲ့​မှု​ကို တိတ်ဆိတ်​စေ​ခြင်း​သည် ဘုရားသခင်​၏​အလို​တော်​ဖြစ်​၏။


အကြောင်းမူကား ဘုရားသခင်​အလို​တော်​ရှိ​လျှင် မကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​ခြင်း​ထက် ကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​ခြင်း​သည် သာ၍​ကောင်း​၏။


ထို​ဝိညာဉ်​များ​မှာ တစ်ချိန်က နောဧ​လက်ထက်​၌ သင်္ဘော​တည်ဆောက်​စဉ်​တွင် ဘုရားသခင်​သည် စိတ်ရှည်​စွာ​ဖြင့် စောင့်ဆိုင်း​တော်မူ​သော်လည်း နာခံ​ခြင်း​မ​ရှိ​ခဲ့​သော​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ ထို​သင်္ဘော​ထဲ၌ ရှစ်​ယောက်​မျှ​ဖြစ်​သော လူ​အနည်းငယ်​တို့​သာ ရေ​မှတစ်ဆင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။