ဆာလံ 37:5 - မြန်မာ့စံမီသမ္မာကျမ်း5 သင်ပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားထံအပ်နှံ၍ ကိုယ်တော်ကို ယုံကြည်ကိုးစားလော့။ သို့ပြုလျှင် ကိုယ်တော်စီရင်ဆောင်ရွက်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible5 သင်သည်မိမိကိုယ်ကိုဘုရားသခင်လက်သို့ အပ်နှံလော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင့်ကို ကူမတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible5 သင့် အ မှု ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ်၍ ကိုး စား လျှင်၊ ကိုယ် တော် သည် စီ ရင် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible5 ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ သင်တို့၏အသက်ရှင်ရေးအတွက် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်းဟူ၍လည်းကောင်း၊ သင်တို့၏ကိုယ်ခန္ဓာအတွက် မည်သည့်အရာကို ဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက် အရေးကြီးသည်မဟုတ်လော။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီးသည်မဟုတ်လော။
ငါသည် ဤအရာအလုံးစုံတို့ကို နှလုံးသွင်းဆင်ခြင်၍ ဤအရာအားလုံးကိုဆန်းစစ်၏။ ၎င်းမှာ ဖြောင့်မတ်သောသူများဖြစ်စေ၊ ပညာရှိသောသူများဖြစ်စေ၊ သူတို့၏လုပ်ဆောင်မှုများဖြစ်စေ ဘုရားသခင်၏လက်တော်၌ရှိသည်ဟူ၍ဖြစ်၏။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ လူသည် ရှေ့ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မသိပေ။