ထို့ကြောင့် မည်သူ၌မျှ အပြစ်တင်စရာမရှိစေရန် လူတို့အား ဤအရာများကိုညွှန်ကြားလော့။
၁ တိ 4:11 - မြန်မာ့စံမီသမ္မာကျမ်း ဤအရာတို့ကို ညွှန်ကြားလျက် သွန်သင်လော့။ Common Language Bible ယခုဆိုခဲ့သည်အတိုင်းညွှန်ကြား၍သြဝါဒ ပေးလော့။ Garrad Bible သင့် အ ရွယ် နု နယ် ခြင်း ကို မည် သူ မျှ မ ထီ လေး စား မ ပြု စေ ဘဲ၊ အ ပြော အ ဆို အ နေ အ ထိုင် မှ စ၍ ချစ် ခြင်း၊ ယုံ ကြည် ခြင်း၊ စင် ကြယ် ခြင်း များ၌ ယုံ ကြည် သူ တို့ အ ဖို့ ပုံ စံ အ ဖြစ် နေ လော့။ Judson Bible ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ်ထားခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ပြုလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာများကို ညွှန်ကြား၍ သွန်သင်လော့။ |
ထို့ကြောင့် မည်သူ၌မျှ အပြစ်တင်စရာမရှိစေရန် လူတို့အား ဤအရာများကိုညွှန်ကြားလော့။
မိမိတို့သခင်သည် ယုံကြည်သူဖြစ်လျှင် သခင်သည် ညီအစ်ကိုဖြစ်သည်ဟုဆိုလျက် မထီမဲ့မြင်မပြုဘဲ သာ၍ကောင်းစွာအစေခံကြစေ။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအစေခံခြင်း၏အကျိုးကို ခံစားရသောသခင်သည် ယုံကြည်သူဖြစ်ပြီး မိမိချစ်ရသောသူလည်းဖြစ်၏။ သင်သည် ဤအရာများကိုသွန်သင်၍ တိုက်တွန်းနှိုးဆော်လော့။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။
သင်သည် ဤအရာများကို အမိန့်အာဏာအပြည့်အဝဖြင့်ဟောပြောလျက် တိုက်တွန်းနှိုးဆော်ကာ အပြစ်ကိုဖော်ပြလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင်မပြုစေနှင့်။
ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအမှုတို့ကိုပါဝင်လုပ်ဆောင်ရန် အမြဲဂရုစိုက်ကြမည့်အကြောင်း ငါသည် သင့်အား ဤအရာများအတွက် အခိုင်အမာရပ်တည်စေလို၏။ ဤအရာများသည် ကောင်းမြတ်၍ လူတို့အတွက်အကျိုးရှိ၏။