ငါတို့သခင်ယေရှုခရစ်တော်၏နေ့ရက်တွင် သင်တို့၌အပြစ်တင်စရာမရှိမည့်အကြောင်း ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
၁ တိ 3:10 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စစ်ဆေးခြင်းကိုဦးစွာခံပြီးမှ အပြစ်တင်စရာမရှိပါက သင်းထောက်အမှုကိုဆောင်ရွက်ကြစေ။ Common Language Bible သူတို့အားဦးစွာစစ်ဆေး၍အပြစ်ကင်းမှ အမှုတော်ဆောင်ခွင့်ပြုကြလော့။- Garrad Bible ထို သူ တို့ သည် စစ် ဆေး ခံ၍ အ ပြစ် ကင်း မှ ဆောင် ရွက် ကြ စေ။ Judson Bible သူတို့သည်လည်း ရှေ့မဆွက စုံစမ်းခြင်းကို ခံကြစေ။ နောက်မှ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျှင်၊ သင်းထောက်လုပ်ကြစေ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ဦးစွာ စစ်ဆေးခံရမည်။ သူတို့၌ အပြစ်ဆိုဖွယ်မရှိလျှင် သင်းထောက်အဖြစ် ခန့်အပ်နိုင်၏။ |
ငါတို့သခင်ယေရှုခရစ်တော်၏နေ့ရက်တွင် သင်တို့၌အပြစ်တင်စရာမရှိမည့်အကြောင်း ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ယခုမူကား သွေးသားနှင့်ဆိုင်သောကိုယ်ခန္ဓာ၌ သားတော်ကိုအသေခံစေခြင်းအားဖြင့် ဘုရားသခင်သည် သင်တို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူ၏။ ဤသည်ကား သန့်ရှင်းလျက်အပြစ်အနာအဆာကင်း၍ အပြစ်တင်စရာမရှိသောသင်တို့ကို မိမိ၏ရှေ့တော်သို့ ဆက်သနိုင်ရန်ဖြစ်၏။
အကြောင်းမူကား သင်းထောက်အမှုကို ကောင်းစွာဆောင်ရွက်သောသူတို့သည် မိမိတို့အတွက် ကောင်းသောဂုဏ်ရည်ကိုရရှိသည့်အပြင် ခရစ်တော်ယေရှုကိုယုံကြည်သောအရာ၌ များစွာသောရဲရင့်မှုကိုရရှိကြ၏။
ထို့ကြောင့် ကြီးကြပ်သူသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သင်ကြားပေးနိုင်စွမ်းရှိသောသူဖြစ်ရမည်။
သူသည် ယုံကြည်ခါစလူမဖြစ်ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်လျက် မာရ်နတ်နှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းထဲသို့ ကျရောက်မည်ဟု စိုးရိမ်စရာရှိ၏။
မည်သူ့အပေါ်၌မျှ လက်တင်ခြင်းအမှုကို အလျင်စလိုမပြုနှင့်။ အခြားသူတို့၏အပြစ်၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်သင် ဖြူစင်သန့်ရှင်းအောင်စောင့်ထိန်းလော့။
ချစ်ရသောသူတို့၊ များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောက၌ ပေါ်လာကြပြီဖြစ်သောကြောင့် ဝိညာဉ်တိုင်းကိုမယုံဘဲ ထိုဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်မစပ်ဆိုင်သည်ကို စစ်ဆေးကြလော့။