မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
၁ တိ 2:4 - မြန်မာ့စံမီသမ္မာကျမ်း လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာတရားကိုသိရှိခြင်းသို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏။ Common Language Bible လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။- Judson Bible လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင်အလိုတော်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားအားလုံး ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို သိရှိနားလည်စေလိုတော်မူသောကြောင့် ဖြစ်၏။ |
မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
သူသည် မိမိစိတ်ဝိညာဉ်ခံစားရသော ဒုက္ခဝေဒနာ၏အကျိုးကိုမြင်၍ အားရကျေနပ်မည်။ ဖြောင့်မတ်သောငါ၏အစေအပါးသည် သူ၏အသိပညာအားဖြင့် လူများစွာတို့ကို ဖြောင့်မတ်သောသူဖြစ်စေမည်။ သူတို့၏ဒုစရိုက်များကို ထမ်းသွားမည်။
အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့လာကြလော့။ မိမိ၌ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍စားကြလော့။ ငွေမပါဘဲ၊ အဖိုးအခမပေးဘဲ စပျစ်ဝိုင်၊ နို့တို့ကို လာ၍ဝယ်ကြလော့။
ဆိုးယုတ်သောသူသေသွားသည်ကို ငါဝမ်းသာအားရမည်ဟု သင်တို့ထင်သလော။ သူတို့လျှောက်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကို ငါအလိုရှိသည်မဟုတ်လော’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မသေစေလို။ ထို့ကြောင့် နောင်တရ၍ အသက်ရှင်သောလမ်းကို ရွေးလော့’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
အကြောင်းမူကား ပင်လယ်သည် ရေများနှင့် ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည်လည်း ထာဝရဘုရား၏ဘုန်းအသရေတော်အကြောင်းကို သိကျွမ်းခြင်းနှင့် ပြည့်လိမ့်မည်။
ထို့ကြောင့် သင်တို့သည်သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတို့ကိုဗတ္တိဇံပေးကြလော့။
ထို့နောက် ကိုယ်တော်က“ကမ္ဘာအနှံ့အပြားသို့သွား၍ ဖန်ဆင်းခံလောကတစ်ခုလုံးအား ကောင်းမြတ်သောသတင်းကိုဟောပြောကြလော့။
သခင်ကလည်း ‘ခရီးသွားလမ်းမများနှင့် တောလမ်းကြားများသို့သွား၍ ငါ့အိမ်ပြည့်အောင် လူတို့ကို မရမကခေါ်ခဲ့လော့။
ထို့နောက် သူ၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးနှင့်ဆိုင်သောနောင်တတရားကို ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား ဟောပြောရမည်ဟူ၍ဖြစ်၏။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
ငါ့အားခမည်းတော်ပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် မည်သည့်အခါမျှနှင်ထုတ်မည်မဟုတ်။
တစ်နည်းနည်းဖြင့် ငါ၏အမျိုးသားချင်းတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ သူတို့ထဲမှ အချို့တို့ကိုကယ်တင်နိုင်ရန် ငါမျှော်လင့်နေ၏။
ထို့ကြောင့် ငါတို့သည် ထိုအကျိုးအတွက် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။ အကြောင်းမူကား လူအပေါင်းတို့၏ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ကယ်တင်ရှင်ဖြစ်သော အသက်ရှင်တော်မူသည့်ဘုရားသခင်ကို ငါတို့မျှော်လင့်အားထားကြ၏။
ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ
ထိုမိန်းမတို့သည် အမြဲသင်ယူနေကြသော်လည်း မည်သည့်အခါမျှ သမ္မာတရားကိုသိရှိခြင်းသို့ မရောက်နိုင်ကြ။
ဘုရားသခင်၏အစေအပါးနှင့် ယေရှုခရစ်တော်၏တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအတွက်လည်းကောင်း၊ ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီ သမ္မာတရားကိုသိရှိစေရန်အတွက်လည်းကောင်း တမန်တော်ဖြစ်လာ၏။
အကြောင်းမူကား လူအပေါင်းတို့ကို ကယ်တင်တော်မူသောဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီး
အကြောင်းမူကား ငါတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာကိုရရှိပြီးမှ တမင်တကာ ဆက်၍အပြစ်ပြုကြလျှင် အပြစ်ဖြေရာယဇ်ဟူ၍ မရှိတော့ဘဲ
သို့သော် သင်တို့၏စိတ်နှလုံးထဲ၌ ခါးသီးသောမနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများရှိလျှင် သမ္မာတရားကိုဆန့်ကျင်၍ ဝါကြွားခြင်း၊ လိမ်ညာခြင်းတို့ကိုမပြုကြနှင့်။
နှောင့်နှေးသည်ဟု အချို့တို့ကမှတ်ယူသကဲ့သို့ ထာဝရဘုရားသည် ကတိတော်ကို နှောင့်နှေးစေတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ လူတိုင်းနောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ်စိတ်ရှည်သည်းခံလျက်နေတော်မူခြင်းသာဖြစ်၏။
သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ငါချစ်သည့် ရွေးကောက်ခံရသော ဂုဏ်သရေရှိအမျိုးသမီးနှင့် သူ၏သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ငါတစ်ဦးတည်းသာ ချစ်သည်မဟုတ်။ သမ္မာတရားကိုသိသောသူအပေါင်းတို့သည်လည်း သင်တို့ကိုချစ်ကြ၏။
ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်၌ပျံသန်းနေသည်ကို ငါမြင်ရ၏။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြသူများတည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးတို့အား ဟောပြောရန် ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကိုယူဆောင်လာ၏။