ထိုသူတို့သည် လောတကိုဟစ်ခေါ်လျက် “ယနေ့ညတွင် သင့်ထံသို့ရောက်လာသောယောက်ျားတို့သည် အဘယ်မှာရှိသနည်း။ ငါတို့သည် သူတို့နှင့်ဆက်ဆံလိုသည်ဖြစ်၍ သူတို့ကို ငါတို့ထံထုတ်ခဲ့လော့”ဟု ဆိုကြ၏။
၁ တိ 1:10 - မြန်မာ့စံမီသမ္မာကျမ်း တရားနှင့်မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သောသူများ၊ မမှန်မကန်သက်သေထွက်ဆိုသောသူများနှင့် မှန်ကန်ပြည့်စုံသောဩဝါဒကိုဆန့်ကျင်သည့် အခြားအရာအားလုံးတို့အတွက်ရှိကြောင်းကို ငါတို့သိကြ၏။ Common Language Bible အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လိင်တူချင်းဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သောသက်သေခံသူများနှင့် မှန်ကန်သောအယူဝါဒကို ဆန့်ကျင်သမျှသောအရာများတို့အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြသောကြောင့် ဖြစ်၏။ |
ထိုသူတို့သည် လောတကိုဟစ်ခေါ်လျက် “ယနေ့ညတွင် သင့်ထံသို့ရောက်လာသောယောက်ျားတို့သည် အဘယ်မှာရှိသနည်း။ ငါတို့သည် သူတို့နှင့်ဆက်ဆံလိုသည်ဖြစ်၍ သူတို့ကို ငါတို့ထံထုတ်ခဲ့လော့”ဟု ဆိုကြ၏။
လာကြ။ သူ့ကို ဣရှမေလလူမျိုးတို့ထံ ရောင်းလိုက်ကြစို့။ သူသည် ငါတို့၏ညီ၊ ငါတို့၏သွေးသားဖြစ်သောကြောင့် သူ့ကို ကိုယ်ထိလက်ရောက်မပြုမိစေနှင့်”ဟု ဆို၏။ ညီအစ်ကိုတို့သည်လည်း သူ့ကိုနာခံကြ၏။
အကယ်စင်စစ် အကျွန်ုပ်သည် ဟေဗြဲပြည်မှ အတင်းအကျပ်ခေါ်ဆောင်လာခြင်းခံခဲ့ရပါ၏။ ဤအရပ်၌လည်း အကျွန်ုပ်သည် အမှားတစ်စုံတစ်ရာမပြုခဲ့ဘဲ အကျွန်ုပ်ကို ဤမြေအောက်အကျဉ်းခန်းထဲ၌ထည့်ထားကြပါ၏”ဟု ဆိုလေ၏။
သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို အချည်းနှီးမမြွက်ဆိုရ။ အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏နာမတော်ကို အချည်းနှီးမြွက်ဆိုသောသူအား အပြစ်မပေးဘဲနေတော်မူမည်မဟုတ်။
မည်သူမဆို လူကိုခိုးယူပြီး ရောင်းစားလိုက်သည်ဖြစ်စေ၊ လက်ဝယ်တွေ့ရှိသည်ဖြစ်စေ မုချအသတ်ခံရမည်။
သူတို့ပြောသောစကားသည် စကားသက်သက်သာ ဖြစ်၏။ ပဋိညာဉ်ဖွဲ့ရာ၌ အချည်းနှီးကျိန်ဆိုကြ၏။ ထို့ကြောင့် တရားစီရင်ခြင်းသည် ထွန်ကြောင်းပေါ်တွင် ပေါက်သောအဆိပ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။
မိန်းမနှင့် သင်အိပ်သကဲ့သို့ ယောက်ျားနှင့် မအိပ်ရ။ ထိုအမှုသည် စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၏။
တစ်စုံတစ်ယောက်သည် မိန်းမနှင့် အိပ်သကဲ့သို့ ယောက်ျားချင်းနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံးသည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြသောကြောင့် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဤစာလိပ်ကို ငါစေလွှတ်သဖြင့် သူခိုး၏အိမ်ထဲ၌လည်းကောင်း၊ ငါ့နာမဖြင့် မဟုတ်မမှန်ကျိန်ဆိုသူ၏အိမ်ထဲ၌လည်းကောင်း ဝင်နေ၍ သစ်သား၊ ကျောက်တုံးတို့ပါမကျန် ထိုအိမ်ကို ဖျက်ဆီးပစ်လိမ့်မည်”ဟု ငါ့အား ပြောပြ၏။
သင်တို့စိတ်ထဲ၌ ကိုယ့်အိမ်နီးချင်းအား မကောင်းသောအကြံကို မကြံစည်ရ။ မဟုတ်မမှန် ကျိန်ဆိုခြင်းကို မနှစ်သက်ရ။ ဤအရာအလုံးစုံကို ငါမုန်း၏’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ဖွယ်ကောင်းသောကိလေသာလက်သို့ အပ်လိုက်သဖြင့် သူတို့ထဲမှ မိန်းမတို့ပင်လျှင် သဘာဝနှင့်လျော်ညီသောဆက်ဆံမှုကို သဘာဝနှင့်ဆန့်ကျင်သောဆက်ဆံမှုဖြင့် လဲလှယ်ကြ၏။
တစ်စုံတစ်ယောက်သည် မိမိအမျိုးသားချင်းဖြစ်သော အစ္စရေးအမျိုးသားတို့ထဲမှ တစ်ယောက်ယောက်ကို ခိုးယူပြီး ထိုသူကို ကျွန်ပြုသည်ဖြစ်စေ၊ ရောင်းစားသည်ဖြစ်စေ ထိုသူခိုးကိုတွေ့လျှင် အသေသတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
ဤအကြောင်းအရာများကို ညီအစ်ကိုတို့အားညွှန်ပြလျှင် သင်သည် ယုံကြည်ခြင်းနှင့်ဆိုင်သောတရားစကားနှင့် သင်လိုက်လျှောက်သည့် ကောင်းသောသွန်သင်ချက်၏တရားစကားတို့ဖြင့် ပြုစုပျိုးထောင်ခြင်းကိုခံရလျက် ခရစ်တော်ယေရှု၏ကောင်းသောအစေခံဖြစ်လိမ့်မည်။
တစ်စုံတစ်ယောက်သည် ခြားနားသောဩဝါဒကိုသွန်သင်လျက် ငါတို့သခင်ယေရှုခရစ်တော်၏မှန်ကန်ပြည့်စုံသောတရားစကားနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်ညီသောဩဝါဒတို့ကို မလိုက်နာလျှင်
သင်သည် ခရစ်တော်ယေရှုအပေါ်၌ရှိသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ဖြင့် ငါ့ထံမှကြားနာရသော မှန်ကန်ပြည့်စုံသည့်တရားစကားများကို စံနမူနာအဖြစ်စွဲကိုင်ထားလော့။
အကြောင်းမူကား လူတို့သည် မှန်ကန်ပြည့်စုံသောဩဝါဒကို သည်းခံနာယူနိုင်ခြင်းမရှိသဖြင့် မိမိတို့တပ်မက်ခြင်းအတိုင်း နားခံသာသောအရာကိုဟောပြောသည့်ဆရာများကိုစုရုံးစေကာ
ဤသက်သေခံချက်သည်မှန်ပေ၏။ ထို့ကြောင့် ဂျူးလူမျိုးတို့၏ဒဏ္ဍာရီများနှင့် သမ္မာတရားကိုစွန့်ပယ်သောသူတို့၏ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာ၌ မှန်ကန်ပြည့်စုံမှုရှိကြရန် သူတို့ကို ပြင်းထန်စွာဆိုဆုံးမလော့။
သူသည် မှန်ကန်ပြည့်စုံသောသြဝါဒအားဖြင့် တိုက်တွန်းနှိုးဆော်နိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတို့၏အပြစ်ကိုဖော်ပြနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသောနှုတ်ကပတ်တရားကို စွဲကိုင်ထားရမည်။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။
သစ်ကြံပိုး၊ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲနွားတိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ လူ့ကိုယ်ခန္ဓာနှင့် လူ၏အသက်တို့ပင်ဖြစ်ကြ၏။
မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ရကြလိမ့်မည်။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။