ငါ့ကိုစစ်ဆေးစီရင်သောသူတို့အား ဤသို့ ငါဖြေရှင်းပြောဆို၏။
ငါ့ကိုပြစ်တင်ဝေဖန်ကြသူတို့အားဤသို့ ငါပြောလို၏။-
စစ် ဆေး သူ တို့ အား ငါ ထု ချေ ချက် မှာ ထို သို့ ပင် တည်း။
ငါ့ကို စစ်ဆေးမေးမြန်းသော သူတို့အား ငါအပြစ်ဖြေရာစကား ဟူမူကား၊-
ကျွန်ုပ်ကို စစ်ဆေးမေးမြန်းသောသူတို့အား ဤသို့ ကျွန်ုပ်ဖြေရှင်း၏။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းများသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များရှေ့သို့လည်းကောင်း ခေါ်ဆောင်သွားကြသောအခါ မည်သည့်အရာကို မည်ကဲ့သို့ချေပရမည်နည်း၊ သို့မဟုတ် မည်သည့်အရာကို ပြောဆိုရမည်နည်းဟူ၍ မစိုးရိမ်ကြနှင့်။
“ညီအစ်ကိုတို့နှင့်အဖတို့၊ ယခု သင်တို့ရှေ့၌ အကျွန်ုပ်ချေပပြောဆိုသောစကားကို နားထောင်ကြပါ”ဟု ဆို၏။
သို့သော် စွပ်စွဲခံရသူတစ်စုံတစ်ဦးသည် စွပ်စွဲသောသူနှင့်မျက်နှာချင်းဆိုင်၍ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ချေပပြောဆိုခွင့်မရမီ သူ့ကိုလွှဲအပ်ပေးခြင်းသည် ရောမတို့၏ဓလေ့ထုံးစံမဟုတ်ကြောင်း သူတို့အား အကျွန်ုပ်ဖြေကြားခဲ့ပါသည်။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ပရောဖက်၊ သို့မဟုတ် ဝိညာဉ်လူဖြစ်သည်ဟုထင်မှတ်လျှင် သင်တို့ထံ ငါရေးလိုက်သောအကြောင်းအရာတို့သည် သခင်ဘုရား၏ပညတ်တော်ဖြစ်ကြောင်း သူသည် သိမှတ်ရမည်။
အခြားသောသူတို့အတွက် ငါသည် တမန်တော်မဖြစ်ခဲ့လျှင်ပင် သင်တို့အတွက်မူကား ငါသည် တမန်တော်ဖြစ်၏။ အကြောင်းမူကား သင်တို့သည် သခင်ဘုရား၌ ငါ၏တမန်တော်ဖြစ်ခြင်း၏တံဆိပ်ဖြစ်ကြ၏။
ငါတို့တွင် စားသောက်ရသောအခွင့်မရှိသလော။
ဤအကြောင်းကြောင့် ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရားပေးတော်မူသောအခွင့်အာဏာကို ငါရောက်လာသောအခါ ပြင်းထန်စွာအသုံးမချရရန် ငါသည် သင်တို့နှင့်ကွဲကွာနေစဉ် ဤအကြောင်းအရာများကို ရေးလိုက်၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် ငါ့အားဖြင့်မြွက်ဆိုနေသည်ဟူသောသက်သေသာဓကကို သင်တို့တွေ့မြင်လိုကြသောကြောင့်ဖြစ်၏။ ကိုယ်တော်သည် သင်တို့တွင်အားနည်းတော်မမူ။ သင်တို့အထဲ၌ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။
သင်တို့သည် ယုံကြည်ခြင်း၌တည်နေခြင်းရှိ၊ မရှိ မိမိကိုယ်ကိုစမ်းသပ်ကြလော့။ မိမိကိုယ်ကိုစစ်ဆေးကြလော့။ သင်တို့အထဲ၌ ယေရှုခရစ်တော်ရှိကြောင်း သင်တို့ကိုယ်တိုင်မသိကြသလော၊ သို့မဟုတ် သင်တို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများဖြစ်လေပြီလော။
အခြားသောသူတို့မူကား ငါအချုပ်အနှောင်ခံရခြင်း၌ ဆင်းရဲဒုက္ခကို ပိုမိုများပြားစေလိုသောအကြံနှင့် ရိုးသားသောစိတ်အားဖြင့်မဟုတ်ဘဲ တုပြိုင်လိုသောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။