ထိုပူဇော်သက္ကာသည် တွေ့ဆုံစည်းဝေးရာတဲတော်၌ သင်တို့ထမ်းဆောင်ရသောအမှုအတွက် လုပ်အားခဖြစ်သောကြောင့် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ထိုအရာကို မည်သည့်နေရာတွင်မဆို စားခွင့်ရှိ၏။
၁ ကော 9:10 - မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ် ငါတို့အတွက်သာမိန့်တော်မူသလော။ အမှန်ပင် ငါတို့အတွက်ရေးထားခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လယ်ထွန်သောသူသည် မျှော်လင့်လျက်ထွန်ယက်သင့်သည်ဖြစ်၍ စပါးနယ်သောသူသည်လည်း မျှဝေခံစားခွင့်ကိုမျှော်လင့်လျက် စပါးနယ်သင့်၏။ Common Language Bible ငါတို့အတွက်အကယ်ပင်မိန့်တော်မူခြင်း မဟုတ်လော။ အကယ်ပင်ငါတို့အတွက်ရေး သားထားခြင်းဖြစ်သည်။ လယ်ထွန်သောသူ နှင့်ရိတ်သိမ်းသောသူတို့သည် မိမိတို့၏ဝေ စုကိုမျှော်လင့်လျက်လုပ်ကိုင်ကြရာ၏။- Garrad Bible ငါ တို့ ကို ရည်၍ ထို သို့ ဗျာ ဒိတ် ရှိ တော် မူ သ လော။ လယ် ထွန် သူ၊ စ ပါး နယ် သူ တို့ သည် အ ကျိုး ဆက် ကို မျှော် လင့် လျက် လုပ် သင့် သည် ကို ထောက်၍ ငါ တို့ အ တွက် ရေး ထား လေ ပြီ။ Judson Bible သို့မဟုတ် ငါတို့ကြောင့်သာ ဤသို့ပညတ်တော်မူသလော။ လယ်ထွန်သောသူသည် မျှော်လင့်လျက် ထွန်စေခြင်းငှာလည်းကောင်း၊ မျှော်လင့်လျက် စပါးနင်းနယ်သောသူသည် မျှော်လင့်သည်အတိုင်း ရစေခြင်းငှာလည်းကောင်း၊ ငါတို့ကြောင့်သာ ဤသို့ ကျမ်းစာလာ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အတွက်သာ မိန့်တော်မူသည်မဟုတ်လော။ အမှန်ပင် ကျွန်ုပ်တို့အတွက် ရေးသားထားခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လယ်ထွန်သောသူနှင့် စပါးနယ်သောသူတို့နှစ်ဦးလုံးသည် ရရှိမည့်ဝေစုအသီးအနှံကို မျှော်လင့်လျက် လုပ်ဆောင်ကြရသောကြောင့် ဖြစ်၏။ |
ထိုပူဇော်သက္ကာသည် တွေ့ဆုံစည်းဝေးရာတဲတော်၌ သင်တို့ထမ်းဆောင်ရသောအမှုအတွက် လုပ်အားခဖြစ်သောကြောင့် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ထိုအရာကို မည်သည့်နေရာတွင်မဆို စားခွင့်ရှိ၏။
ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။
အကြောင်းမူကား ရှေးအခါကရေးထားသမျှသောအရာသည် ငါတို့ကိုသွန်သင်ရန်ရေးထားခြင်းဖြစ်ပြီး ကျမ်းစာ၌ပါသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ငါတို့၌ မျှော်လင့်ခြင်းရှိစေရန်ဖြစ်၏။
အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ဥယျာဉ်၊ ဘုရားသခင်၏အဆောက်အအုံဖြစ်ကြ၏။
ခပ်သိမ်းသောအရာတို့သည် သင်တို့အတွက်ဖြစ်၏။ ဤသည်ကား များစွာသောသူတို့၌ ကျေးဇူးတော်သည်တိုးပွားလာသဖြင့် ဘုရားသခင်၏ဘုန်းတော်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်းကို ကြွယ်ဝပြည့်စုံစေမည့်အကြောင်းတည်း။
ကြိုးစားလုပ်ဆောင်သောခြံသမားသည် အသီးအနှံများ၏အဦးဆုံးသောဝေစုကို ခံစားသင့်၏။