မိန်းမယူ၍ သားသမီးများကို မွေးဖွားကြလော့။ သားများကိုလည်း မိန်းမယူစေလော့။ သမီးများကိုလည်း ယောက်ျားယူစေလော့။ သားသမီးများ မွေးဖွားစေကြလော့။ ထိုအရပ်၌ မလျော့နည်းဘဲ တိုးပွားကြလော့။
၁ ကော 7:36 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိမိနှင့်ဆိုင်သောအပျိုကညာကို အခါလင့်စေလျှင် မလျောက်ပတ်ဟုထင်မှတ်၍ ထိုသို့ပြုစရာလည်းရှိလျှင် သူ၏ဆန္ဒအတိုင်းပြုပါစေ။ သူသည် အပြစ်ပြုသည်မဟုတ်။ သူတို့အိမ်ထောင်ပြုပါစေ။ Common Language Bible စေ့စပ်ကြောင်းလမ်းပြီးနောက်ထိမ်းမြားမင်္ဂလာ မပြုရန် သဘောတူစိတ်ပိုင်းဖြတ်ထားသူနှစ်ဦး နှင့်ပတ်သက်၍ပြောရသော် အမျိုးသားသည် အမျိုးသမီးအပေါ်တွင် မိမိပြုမူပုံမလျောက် ပတ်သည်ကိုသိသောအခါ၌သော်လည်းကောင်း၊ မိမိစိတ်ကိုမထိန်းချုပ်နိုင်သောအခါ၌သော် လည်းကောင်းထိမ်းမြားမင်္ဂလာပြုရာ၏။ ဤသို့ ပြုခြင်း၌အဘယ်အပြစ်မျှမရှိ။- Garrad Bible သို့ ရာ တွင် အ ဘ ဖြစ် သူ သည် အ ရွယ် ဟိုင်း လျက် စိုး ရိမ် မ ကင်း သော သ မီး က ညာ နှင့် စပ်၍ အ လွန် အ ကျူး ကန့် ကွက် မိ သည် ဟု ထင် မှတ် လျှင် ကိုယ့် သ ဘော အ တိုင်း စီ ရင် စေ။ ပြစ် မှား သည် မ ဟုတ်။ အိမ် ထောင် ပြု ခွင့် ပေး စေ။ Judson Bible အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ။ အပြစ်မရှိ ထိမ်းမြားကြစေ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်သည် သူနှင့် စေ့စပ်ထားသောမိန်းမပျိုကို အရွယ်လွန်စေလျှင် မသင့်တော်ဟု ထင်မှတ်၍ သူ၏ဆန္ဒကို မထိန်းချုပ်နိုင်လျှင် ဆန္ဒရှိသည့်အတိုင်း အိမ်ထောင်ပြုသင့်၏။ ထိုအရာသည် အပြစ်မဟုတ်ပါ။ |
မိန်းမယူ၍ သားသမီးများကို မွေးဖွားကြလော့။ သားများကိုလည်း မိန်းမယူစေလော့။ သမီးများကိုလည်း ယောက်ျားယူစေလော့။ သားသမီးများ မွေးဖွားစေကြလော့။ ထိုအရပ်၌ မလျော့နည်းဘဲ တိုးပွားကြလော့။
ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ကိုယ်တော်၏မယ်တော်မာရိသည် ယောသပ်နှင့်စေ့စပ်ထား၍ ပေါင်းဖက်နေထိုင်ခြင်းမပြုမီ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်သည်ကို တွေ့ရ၏။
သင့်ကိုတရားစွဲ၍ သင်၏အင်္ကျီကို ယူလိုသောသူအား ဝတ်ရုံကိုလည်း ယူခွင့်ပေးလော့။
ဤသို့ ငါဆိုသည်မှာ သင်တို့၏အကျိုးအတွက်ဖြစ်၍ သင်တို့ကိုချုပ်ချယ်ရန်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ အာရုံထွေပြားခြင်းမရှိဘဲ သခင်ဘုရား၏အမှုကို အစဉ်မပြတ်ဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်၏။
သို့သော် သူသည် မိမိစိတ်နှလုံးထဲ၌ အခိုင်အမာစိတ်ပိုင်းဖြတ်ထား၍ မလွှဲမရှောင်သာ၍လုပ်ရခြင်းမျိုးမဟုတ်ဘဲ မိမိအလိုဆန္ဒကိုထိန်းချုပ်နိုင်ပြီး မိမိနှင့်ဆိုင်သောအပျိုကညာကိုထိန်းသိမ်းထားရန် မိမိစိတ်ထဲ၌ ဆုံးဖြတ်ထားပါက သူသည် ကောင်းစွာပြု၏။
သို့သော် မိမိကိုယ်ကိုမချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြစေ။ အကြောင်းမူကား ကိလေသာစိတ်ပူလောင်ခြင်းရှိသည်ထက် အိမ်ထောင်ပြုသော် သာ၍ကောင်း၏။
သို့သော် သင့်အမျိုးအနွယ်ထဲမှ လူတစ်ဦးကို ငါ့ယဇ်ပလ္လင်မှ မဖယ်ရှားဘဲ ချန်ထားမည်။ သူသည် သင့်မျက်စိကို ကွယ်စေပြီး သင့်စိတ်နှလုံးကို ကြေကွဲစေမည်။ သင့်အမျိုးအနွယ်မှဆင်းသက်သောသူအားလုံး အရွယ်ကောင်းချိန်တွင် သေရကြလိမ့်မည်။