ထို့ကြောင့် လူမျိုးခြားတို့ထဲမှ ဘုရားသခင်ထံပြောင်းလဲလာသောသူတို့ကို ဒုက္ခမပေးဘဲ
၁ ကော 7:18 - မြန်မာ့စံမီသမ္မာကျမ်း ခေါ်ယူတော်မူခြင်းခံရသောအခါ အရေဖျားလှီးခြင်းခံပြီးသားဖြစ်သောသူသည် ထိုအရာကိုမဖျောက်ဖျက်စေနှင့်။ ခေါ်ယူတော်မူခြင်းခံရသောအခါ အရေဖျားမလှီးထားသောသူသည် အရေဖျားလှီးခြင်းကိုမခံစေနှင့်။ Common Language Bible အရေဖျားလှီးမင်္ဂလာကိုခံယူပြီးသူသည် ရွေးကောက်တော်မူခြင်းခံရလျှင် အရေဖျားလှီး မင်္ဂလာဆိုင်ရာအမှတ်အသားများကိုစွန့်ပယ် ရန်မလို။ အရေဖျားလှီးမင်္ဂလာမခံယူခဲ့သူ သည်ရွေးကောက်တော်မူခြင်းခံရလျှင်အရေ ဖျားလှီးမင်္ဂလာခံယူရန်မလို။- Garrad Bible လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ပြီး အ ဖြစ် အ နေ၌ ခေါ် ထား တော် မူ သ လော။ ထို မင်္ဂ လာ လ က္ခ ဏာ ကို မ ပျက် စေ နှင့်။ ထို မင်္ဂ လာ မဲ့ အ ဖြစ် အ နေ၌ ခေါ် ထား တော် မူ သ လော။ မ ခံ စေ နှင့်။ Judson Bible အရေဖျားလှီးခြင်းကို ခံသောသူသည် ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင်၊ အရေဖျားလှီးခြင်းကို မခံစေနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဥပမာဆိုသော် ဘုရားသခင်သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသောသူကို ရွေးကောက်တော်မူသောအခါ ထိုသူသည် အရေပြားလှီးခြင်းမင်္ဂလာကို ဖျောက်ဖျက်ရန် မလိုပေ။ ထိုနည်းတူ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသောသူကို ရွေးကောက်တော်မူသောအခါ ထိုသူသည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူရန် မလိုပေ။ |
ထို့ကြောင့် လူမျိုးခြားတို့ထဲမှ ဘုရားသခင်ထံပြောင်းလဲလာသောသူတို့ကို ဒုက္ခမပေးဘဲ
ငါတို့ထံမှ လူအချို့တို့သည် ငါတို့၏ညွှန်ကြားချက်မရှိဘဲထွက်သွား၍ အမျိုးမျိုးသောစကားအားဖြင့် သင်တို့ကိုပူပန်စေပြီး သင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု ငါတို့ကြားရ၏။
အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်နှင့်ငါတို့သည် လိုက်နာရန်လိုအပ်သည့်အောက်ပါအချက်များမှတစ်ပါး အခြားမည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ သင်တို့အပေါ်မတင်ရန် ဆုံးဖြတ်ထားကြ၏။
သို့သော် ဖာရိရှဲဂိုဏ်းထဲမှ ယုံကြည်သူအချို့တို့သည်ထ၍ “လူမျိုးခြားတို့ကို အရေဖျားလှီးခြင်းပေးကြရန်နှင့် မောရှေ၏ပညတ်တရားကို စောင့်ထိန်းကြရန် ညွှန်ကြားရမည်”ဟု ဆိုကြ၏။
သင်သည် လူမျိုးခြားတို့ထဲ၌နေထိုင်ကြသော ဂျူးလူမျိုးအားလုံးတို့အား ကလေးများကို အရေဖျားလှီးခြင်းမပေးကြရန်နှင့် ဓလေ့ထုံးစံအတိုင်း မလိုက်လျှောက်ကြရန် ပြောဆိုလျက် မောရှေ၏တရားကိုစွန့်ပယ်ရန် သွန်သင်နေသည်ဟု သင့်အကြောင်းကို သူတို့ကြားသိထား၏။
ထိုသို့ဖန်ဆင်းပြုပြင်ရာ၌ ဂရိလူမျိုးနှင့်ဂျူးလူမျိုး၊ အရေဖျားလှီးထားသောသူနှင့်မလှီးထားသောသူ၊ သကုသိလူနှင့်လူရိုင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ခရစ်တော်သည် အလုံးစုံဖြစ်ပြီး အလုံးစုံတို့၌ရှိတော်မူ၏။