Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ဥပမာ​ဆိုသော် ဘုရားသခင်​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူပြီးသောသူ​ကို ရွေးကောက်တော်မူ​သောအခါ ထို​သူ​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ဖျောက်ဖျက်​ရန် မလိုပေ။ ထို​နည်းတူ အရေပြားလှီးခြင်း​မင်္ဂလာ​ကို မခံယူသောသူ​ကို ရွေးကောက်တော်မူ​သောအခါ ထို​သူ​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူ​ရန် မလိုပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ပြီး​သူ​သည် ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင် အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ဆိုင်​ရာ​အ​မှတ်​အ​သား​များ​ကို​စွန့်​ပယ် ရန်​မ​လို။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ယူ​ခဲ့​သူ သည်​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ရန်​မ​လို။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ပြီး အ ဖြစ် အ နေ၌ ခေါ် ထား တော် မူ သ လော။ ထို မင်္ဂ လာ လ က္ခ ဏာ ကို မ ပျက် စေ နှင့်။ ထို မင်္ဂ လာ မဲ့ အ ဖြစ် အ နေ၌ ခေါ် ထား တော် မူ သ လော။ မ ခံ စေ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​သည် ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို​ခံ​ရ​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​စွန့်​စေ​နှင့်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည်​လည်း ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ အရေဖျား​လှီး​ခြင်း​ခံ​ပြီး​သား​ဖြစ်​သော​သူ​သည် ထို​အရာ​ကို​မ​ဖျောက်ဖျက်​စေ​နှင့်။ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ အရေဖျား​မ​လှီး​ထား​သော​သူ​သည် အရေဖျား​လှီး​ခြင်း​ကို​မ​ခံ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:18
8 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံသို့ ပြောင်းလဲလာသော​လူမျိုးခြားများ​ကို အခက်​မတွေ့စေဘဲ


ကျွန်ုပ်တို့​ထံမှ ထွက်ခွာသွားကြသော​သူများ​သည် ကျွန်ုပ်တို့​၏​ညွှန်ကြားချက်များ​မရှိဘဲ သင်တို့​အား စကားများ​ဖြင့်​ပူပန်စေ​၍ သင်တို့​၏​စိတ်​ကိုလည်း အနှောင့်အယှက်​ဖြစ်စေသည်​ကို ကြားသိရပါ၏။


သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် ကျွန်ုပ်တို့​သည် အရေးကြီးသော​အောက်ပါ​အချက်များ​မှအပ အခြားသော​ဝန်ထုပ်ဝန်ပိုးများ​ကို သင်တို့​အပေါ်​မတင်​လျှင် ကောင်းမည်​ဟု သဘောတူကြပါ၏။


သို့သော် ဖာရိရှဲ​ဂိုဏ်းဝင်​ဖြစ်သော ယုံကြည်သူ​တချို့​သည် ထ​၍ “ထို​လူမျိုးခြားတို့​အား အရေပြားလှီးခြင်း​ပြုပေး​ရမည်။ မောရှေ​၏​ပညတ်တရား​ကို လိုက်နာ​ရန် ညွှန်ကြားရမည်” ဟု ပြောဆိုကြ၏။


သင်​သည် လူမျိုးခြားတို့​အထဲ​တွင် နေထိုင်ကြသော​ဂျူးလူမျိုး​အပေါင်းတို့​အား မောရှေ​၏​ပညတ်တရား​ကို စွန့်လွှတ်​၍ ကလေးငယ်များ​ကို အရေပြားလှီးခြင်း​မပြုပေး​ရန်​နှင့် ဓလေ့ထုံးတမ်းစဉ်လာ​အတိုင်း မလိုက်နာ​ရန် သွန်သင်နေ​သည့်​အကြောင်း​ကို သူတို့​ကြားသိထားကြ၏။


သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ