ငါတို့သည် ကောင်းကင်တမန်တို့ကိုစီရင်ရမည်ဖြစ်ကြောင်း သင်တို့မသိကြသလော။ သို့ဖြစ်လျှင် ဤဘဝနှင့်ဆိုင်သောအမှုကိစ္စများကို ပို၍စီရင်ထိုက်သည်မဟုတ်လော။
ငါတို့သည်ကောင်းကင်တမန်များကိုတရား စီရင်ရကြမည်ဖြစ်ကြောင်း မသိသလော။-
ယ ခု ဘ ဝ ဆိုင် ရာ အ မှု များ ကို မ ဆို ဘဲ စေ တ မန် တော် များ ကို ငါ တို့ တ ရား စီ ရင် ရ မည့် အ ကြောင်း မ သိ ကြ သ လော။
ငါတို့သည် ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော။ သို့ဖြစ်၍ လောကီအမှုကို စီရင်ထိုက်သည် မဟုတ်လော။-
ကျွန်ုပ်တို့သည် ကောင်းကင်တမန်များကို စီရင်ရမည်ဖြစ်ကြောင်း သင်တို့မသိကြသလော။ ထို့ကြောင့် ဤလောကီဘဝ၏ အမှုကိစ္စများကို ပို၍ ဖြေရှင်းနိုင်စွမ်းရှိရမည်မဟုတ်လော။
အို ထာဝရဘုရား၊ ဤလောက၏အမွေကိုသာ ခံစားကြရသော လောကီသားတို့၏လက်မှ ကိုယ်တော်၏လက်တော်ဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ကိုယ်တော်သည် သူတို့၏ဝမ်းကို ကိုယ်တော်၏ဘဏ္ဍာတော်နှင့်ပြည့်စေတော်မူ၏။ သူတို့သည် သားသမီးအများအပြားထွန်းကား၍ သူတို့၏ကလေးများအတွက်လည်း သူတို့၏စည်းစိမ်ဥစ္စာကို ချန်ထားတတ်ကြပါ၏။
ရှေးအရှင်သခင်ကြွလာ၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူတို့အတွက် တရားစီရင်မည့်အချိန်ထိ ထိုချိုသည် အနိုင်ယူလိမ့်မည်။ ပြီးမှ နိုင်ငံတော်ကို သန့်ရှင်းသူတို့ ပိုင်ဆိုင်ရမည့်အချိန် ရောက်လာမည် ဖြစ်၏။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
ဆူးပင်တို့တွင်ကျသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း သွားလာနေထိုင်စဉ် ဘဝအသက်တာနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးမအောင်သောသူတို့ကိုဆိုလို၏။
သင်တို့သည် တစ်စုံတစ်ဦးအား မိမိကိုယ်ကိုဆက်သ၍ ကျွန်အဖြစ်နာခံလျှင် သင်တို့သည် သင်တို့နာခံသောသူ၏ကျွန်ဖြစ်ကြပြီး သေခြင်းသို့ရောက်စေသည့် အပြစ်၏ကျွန်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းသို့ရောက်စေသည့် နာခံမှု၏ကျွန်ဖြစ်တတ်သည်ကို သင်တို့မသိကြသလော။
သင်တို့၏ကိုယ်ခန္ဓာသည် ခရစ်တော်၏ကိုယ်အင်္ဂါဖြစ်ကြောင်း မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန်ဆာ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ လုံးဝမဖြစ်စေရ။
ပြည့်တန်ဆာနှင့်ပေါင်းဖော်သောသူသည် ပြည့်တန်ဆာနှင့်တစ်ခန္ဓာတည်းဖြစ်ကြောင်း မသိကြသလော။ အကြောင်းမူကား “ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်”ဟု ကျမ်းစာ၌ဆိုထား၏။
သင်တို့၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ရရှိထားသော သင်တို့အထဲ၌တည်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်တို့ကိုယ်သင်တို့မပိုင်ကြောင်းကိုလည်းကောင်း သင်တို့မသိကြသလော။
သို့ဖြစ်လင့်ကစား သင်တို့တွင် ဤဘဝနှင့်ဆိုင်သော အမှုအခင်းဖြစ်ပွားသောအခါ အသင်းတော်က အသိအမှတ်မပြုသောသူတို့ကို တရားစီရင်သူအဖြစ်ခန့်ထားကြသလော။
စစ်မှုထမ်းသောသူသည် စစ်သားအရာ၌ မိမိကိုခန့်ထားသောသူအား နှစ်သက်စေရန် စားဝတ်နေရေးကိစ္စများနှင့် ပတ်သက်ရှုပ်ထွေးခြင်းမရှိတတ်။
အကြောင်းမူကား ဒေမသည် ယခုဘဝကိုချစ်၍ ငါ့ကိုစွန့်ပစ်ကာ သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားကြပြီ။
အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။
ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။