ဘုရားသခင်သည် သခင်ဘုရားကို ထမြောက်စေတော်မူသည်ဖြစ်၍ ငါတို့ကိုလည်း မိမိ၏တန်ခိုးတော်အားဖြင့် ထမြောက်စေတော်မူလိမ့်မည်။
ထာဝရဘုရားသည်သခင်ဘုရားကို ရှင်ပြန်ထမြောက်စေတော်မူ၏။ ငါတို့ကို လည်းတန်ခိုးတော်အားဖြင့်ရှင်ပြန်ထမြောက် စေတော်မူလိမ့်မည်။
အ ရှင် ဘု ရား ကို ရှင် ပြန် ထ မြောက် စေ တော် မူ ခဲ့ သော ဘု ရား သ ခင် သည် တန် ခိုး တော် အား ဖြင့် ငါ တို့ ကို လည်း ရှင် ပြန် ထ မြောက် စေ တော် မူ ဦး မည်။
ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် သခင်ဘုရားကို ထမြောက်စေတော်မူသည်ဖြစ်၍၊ ငါတို့ကိုလည်း ထမြောက်စေတော်မူလိမ့်မည်။-
ဘုရားသခင်သည် သခင်ခရစ်တော်ကို ထမြောက်စေတော်မူသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း တန်ခိုးတော်အားဖြင့် သေရာမှ ထမြောက်စေတော်မူလိမ့်မည်။
အကြောင်းမူကား ဘုရားသခင်သည် မိမိခန့်အပ်ထားသောအရှင်အားဖြင့် ကမ္ဘာလောကအား ဖြောင့်မတ်စွာတရားစီရင်မည့်နေ့ရက်ကို သတ်မှတ်ထားတော်မူပြီး ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူခြင်းအားဖြင့် လူအပေါင်းတို့အား ခိုင်လုံသောအထောက်အထားကိုပေးတော်မူ၏”ဟု ဆိုလေ၏။
သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။
ဘုရားသခင်သည် ထိုယေရှုကို ထမြောက်စေတော်မူ၏။ ငါတို့အားလုံးသည် ဤအကြောင်းအရာ၏သက်သေများဖြစ်ကြ၏။
ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်။
သို့သော် တစ်ဦးစီ၌ မိမိအလှည့်ရှိ၍ ခရစ်တော်သည် အသီးဦးဖြစ်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ကိုယ်တော်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်သည် အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထိုနည်းတူ ငါတို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်တို့ရှေ့၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကို ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေရှုနှင့်အတူထမြောက်စေ၍ သင်တို့နှင့်အတူ ရှေ့တော်သို့ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ၏။
ထိုသခင်သည် အရာခပ်သိမ်းတို့ကို မိမိအားနာခံစေနိုင်သောတန်ခိုးအားဖြင့် ငါတို့၏ဂုဏ်သေးသိမ်သောကိုယ်ခန္ဓာကို မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာနှင့်တူညီစေရန် ပြောင်းလဲစေတော်မူလိမ့်မည်။
အကြောင်းမူကား ယေရှုသည် အသေခံပြီးနောက် ထမြောက်တော်မူသည်ဟု ငါတို့ယုံကြည်ကြလျှင် ဘုရားသခင်သည် ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း ထိုကဲ့သို့ပင် ထိုသခင်နှင့်အတူခေါ်ထုတ်တော်မူလိမ့်မည်။