အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 4:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် လူ​တို့​သည် ငါ​တို့​အား ခရစ်တော်​၏​အမှု​တော်​ဆောင်​အဖြစ်​လည်းကောင်း၊ ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို စောင့်ရှောက်​ရ​သော ဘဏ္ဍာစိုး​အဖြစ်​လည်းကောင်း မှတ်ယူ​ပါစေ။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​သမ္မာ တ​ရား​တော်​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ ခ​ရစ် တော်​၏​အ​စေ​ခံ​များ​ဖြစ်​သည်​ဟု​သင်​တို့​မှတ် ယူ​သင့်​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ တို့ ကို ခ ရစ် တော်၏ အ မှု တော် ထမ်း၊ ဘု ရား သ ခင်၏ နက် နဲ ရာ များ အ ပေါ် တွင် ဘ ဏ္ဍာ စိုး အ ဖြစ် မှတ် ယူ ကြ ပါ စေ။

အခန်းကိုကြည့်ပါ။

Judson Bible

ခ​ရစ်​တော်၏ အ​စေ​အ​ပါ ကဲ့​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​တို့​ကို စောင့်​သော ဘ​ဏ္ဍာ​စိုး ကဲ့​သို့​လည်း​ကောင်း၊ သူ​တစ်​ပါး​သည် ငါ​တို့​ကို​မှတ်​ပါ​စေ။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့ကြောင့် သင်တို့​သည် ကျွန်ုပ်​နှင့် အာပေါလု​ကို ခရစ်တော်​၏ အစေခံများ​အဖြစ်​လည်းကောင်း၊ ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာများ​ကို စီမံခန့်ခွဲသူများ​အဖြစ်​လည်းကောင်း မှတ်ယူကြလော့။

အခန်းကိုကြည့်ပါ။



၁ ကော 4:1
29 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​က​လည်း“သင်​တို့​အား ကောင်းကင်​နိုင်ငံ​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို သိ​ခွင့်​ပေး​ထား​သော်လည်း သူ​တို့​ကို​မူကား သိ​ခွင့်​မ​ပေး​ထား​သောကြောင့်​ဖြစ်​၏။


မိမိ​၏​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​ကို​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ကား မည်သူ​နည်း။


ကိုယ်တော်​က​လည်း“သင်​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်​ဆိုင်​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို သိ​ခွင့်​ပေး​ထား​၏။ အပြင်​လူ​တို့​အတွက်​မူကား အရာရာ​ကို ပုံ​ဥပမာ​များ​ဖြင့်​ဖော်ပြ​ရ​၏။


မူလ​မျက်မြင်​သက်သေ​တို့​နှင့် နှုတ်ကပတ်​တရား​တော်​၏​အမှု​ကို​ဆောင်ရွက်​သော​သူ​တို့​က ငါ​တို့​အား​ဟောပြော​ခဲ့​သည့်​အတိုင်း စီကုံး​ရေးသား​ရန် လူ​အများ​တို့​သည် ကြိုးစား​ကြ​သည်​ဖြစ်၍


သခင်​ဘုရား​က​လည်း“မိမိ​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​များ​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ခေါင်းဆောင်​ကား မည်သူ​နည်း။


ကိုယ်တော်​က​လည်း“သင်​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို သိ​ခွင့်​ပေး​ထား​၏။ အခြား​သော​သူ​တို့​မူကား မြင်​လျက်​ပင် မ​မြင်​စေရန်​နှင့် ကြား​လျက်​ပင် နား​မ​လည်​စေရန် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့်​ဟောပြော​ရ​၏။


ညီအစ်ကို​တို့၊ သင်​တို့​သည် မိမိ​တို့​ကိုယ်​ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍​မ​ထင်မှတ်​ကြ​စေရန် ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့ဝှက်​နက်နဲ​သော​အရာ​ဟူမူကား အစ္စရေး​လူမျိုး​၌ မာကျော​ခက်ထန်​သူ​အချို့​ရှိ​ခြင်း​မှာ လူမျိုးခြား​တို့​စုံလင်​စွာ​ဝင်ရောက်​သည်​အထိ​ဖြစ်​ပြီး


ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​နှင့် ယေရှု​ခရစ်တော်​အကြောင်း​ကို​ဟောပြော​ခြင်း​အားဖြင့်​လည်းကောင်း၊ ရှေး​ကာလ​ပတ်လုံး ဝှက်​ထား​ခြင်း​ခံရ​သော်လည်း ယခု​အခါ ထာဝရ​ဘုရားသခင်​၏​အမိန့်​တော်​အတိုင်း ပရောဖက်​ကျမ်း​များ​၌​ထင်ရှား​ပြီး ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် လူမျိုး​အပေါင်း​တို့​အား​သိ​စေ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ဖွင့်ပြ​ခြင်း​အားဖြင့်​လည်းကောင်း သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​နိုင်​သော​အရှင်​၊


ငါ​တို့​ပြောဆို​သော​အရာ​မှာ ဝှက်​ထား​ခြင်း​ခံရ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​တည်းဟူသော ဘုရားသခင်​၏​ဉာဏ်ပညာ​ပင်​ဖြစ်​၏။ ဘုရားသခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ထို​ဉာဏ်ပညာ​ကို ငါ​တို့​၏​ဘုန်း​အသရေ​အတွက် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။


သို့ဖြစ်လျှင် အာပေါလု​ကား မည်သူ​နည်း။ ပေါလု​ကား မည်သူ​နည်း။ သူ​တို့​သည် မိမိ​တို့​တစ်ဦးစီ​အား ထာဝရ​ဘုရား​ပေးအပ်​တော်မူ​သည့်​အတိုင်း သင်​တို့​ကို ယုံကြည်​ခြင်း​သို့​ပို့ဆောင်​ပေး​သော အမှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။


စော်ကား​ပြောဆို​ခြင်း​ခံရ​သောအခါ မေတ္တာ​ပြ​ကြ​၏။ ယခု​တိုင်အောင် ငါ​တို့​သည် လူ​တကာ​တို့​၏​အပယ်ခံ​များ၊ လောက​၏​အမှိုက်သရိုက်​များ​ကဲ့သို့ ဖြစ်​ရ​ကြ​၏။


ဤ​နေရာ​တွင် ဘဏ္ဍာစိုး​သည် သစ္စာရှိ​ကြောင်း အသိအမှတ်ပြု​ခြင်း​ခံရ​သူ​ဖြစ်​ရ​မည်။


သူ​တို့​သည် ခရစ်တော်​၏​အစေခံ​ဖြစ်​ကြ​သလော။ ငါ​သည် ပို၍​ပင်​ဖြစ်​၏​ဟု ရူးသွပ်​နေ​သူ​တစ်​ဦး​ကဲ့သို့ ငါ​ဆို​၏။ ငါ​သည် ပို၍​ကြိုးပမ်း​အားထုတ်​လျက် အကြိမ်ပေါင်း​များစွာ​အကျဉ်း​ချ​ခံရ​လျက် ပို၍​များစွာ​ရိုက်နှက်​ခြင်း​ခံရ​လျက် သေဘေး​နှင့် မကြာခဏ​ရင်ဆိုင်​ရ​၏။


ငါ​သည် ဝါကြွား​ရန်​အလိုရှိ​လျှင်​လည်း အမှန်​ကို​သာ​ပြော​မည်​ဖြစ်၍ မိုက်မဲ​သော​သူ​ဖြစ်​မည်​မ​ဟုတ်။ သို့သော် မည်သူမျှ ငါ့​ကို​မြင်​ရ​သည်​ထက်​၊ သို့မဟုတ် ငါ့​အကြောင်း​ကို ကြား​ရ​သည်​ထက်​ပို၍ ငါ့​ကို​မ​ထင်မြင်​မိ​စေရန် ငါ​မ​ဝါကြွား​ဘဲ​နေ​မည်။


အကြောင်းမူကား ငါ​တို့​သည် မိမိ​တို့​အကြောင်း​ကို ဟောပြော​ကြ​သည်​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ကို ဟောပြော​ကြ​၏။ ငါ​တို့​ကိုယ်တိုင်​မူကား ယေရှု​အတွက် သင်​တို့​၏​အစေအပါး​များ​ဖြစ်​ကြ​၏။


အလွန်​သည်းခံ​ခြင်း​၌​ဖြစ်စေ၊ ဒုက္ခ​ဆင်းရဲ​ခြင်း​၌​ဖြစ်စေ၊ ခက်ခဲ​ကျပ်တည်း​ခြင်း​၌​ဖြစ်စေ၊ နာကျင်​ခြင်း​ဝေဒနာ​၌​ဖြစ်စေ၊


ခရစ်တော်​၌​ကြံရွယ်​ထား​သည့် အလို​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မိမိ​စေတနာ​တော်​အတိုင်း ငါ​တို့​အား​သိ​စေ​တော်မူ​၏။


ငါ​သည် နှုတ်​ကို​ဖွင့်​သောအခါ ပြော​ရ​မည့်​စကား​ကို ငါ့​အား​ပေး​တော်မူ​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ရဲရင့်​စွာ​ပြောပြ​နိုင်​ရန် ငါ့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။


ဤသည်ကား သူ​တို့​သည် စိတ်နှလုံး​နှစ်သိမ့်​မှု​ကို​ခံစား​ရ​၍ ချစ်​ခြင်း​မေတ္တာ​၌ ပေါင်းစည်း​ခြင်း​ခံရ​ကာ ဉာဏ်စွမ်း​နှင့်ဆိုင်သော​စိတ်ချမှု​နှင့်​ကြွယ်ဝ​ပြည့်စုံ​သဖြင့် ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​တည်းဟူသော ခရစ်တော်​ကို​သိ​ကြ​မည့်​အကြောင်း​တည်း။


ဘုရားသခင်​သည် နှုတ်ကပတ်​တရား​အတွက် တံခါး​ကို​ဖွင့်​ပေး​တော်မူ​သဖြင့် ခရစ်တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ငါ​တို့​ဟောပြော​နိုင်​ရန် ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ငါ​သည် ထို​နက်နဲ​သော​အရာ​ကြောင့် ချည်နှောင်​ခြင်း​ခံရ​၏။


ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် အမှန်ပင်​ကြီးမြတ်​လှ​ပေ​၏။ ကိုယ်တော်​သည် သွေးသား​အားဖြင့်​ထင်ရှား​ပြီး ဝိညာဉ်​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ကောင်းကင်​တမန်​တို့​၏​ရှုမြင်​ခြင်း၊ သတင်းတော်​ကို​လူမျိုးခြား​တို့​ကြား​၌ ဟောပြော​ခြင်း၊ ဤ​လောက​တွင် လက်ခံ​ယုံကြည်​ခြင်း​တို့​ကို​ခံရ​လျက် ဘုန်း​အသရေ​နှင့်တကွ အထက်သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၏။


သူ​သည် ယုံကြည်​ခါစ​လူ​မ​ဖြစ်​ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်​လျက် မာရ်နတ်​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ထဲသို့ ကျရောက်​မည်​ဟု စိုးရိမ်​စရာ​ရှိ​၏။


ယုံကြည်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ကြည်လင်​သော​အသိစိတ်​ဖြင့် စွဲကိုင်​ထား​သော​သူ​များ​ဖြစ်​ရ​မည်။


အကြောင်းမူကား ကြီးကြပ်​သူ​သည် ဘုရားသခင်​၏​ဘဏ္ဍာစိုး​ဖြစ်​သည်​နှင့်အညီ အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် ထင်ရာစိုင်း​တတ်​သော​သူ၊ စိတ်တို​သော​သူ၊ သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​မ​ဟုတ်​ဘဲ


သင်​တို့​တစ်ဦးစီ​သည် မိမိ​ခံစား​ရရှိ​သည့်​ဆု​ကျေးဇူး​အလျောက် ဘုရားသခင်​၏​အမျိုးမျိုး​သော​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်း​သော​ဘဏ္ဍာစိုး​များ​ကဲ့သို့ ထို​ဆု​ကျေးဇူး​အားဖြင့် အချင်းချင်း​ကူညီ​ဆောင်ရွက်​ပေး​ကြ​လော့။