၁ ကော 3:23 - မြန်မာ့စံမီသမ္မာကျမ်း23 သင်တို့ကိုမူကား ခရစ်တော်ပိုင်ဆိုင်တော်မူပြီး ခရစ်တော်ကို ဘုရားသခင်ပိုင်ဆိုင်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible23 သင်တို့ကိုခရစ်တော်ပိုင်တော်မူ၍ခရစ်တော် ကိုဘုရားသခင်ပိုင်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible23 သင် တို့ လည်း ခ ရစ် တော် ပိုင် ဖြစ်၏။ ခ ရစ် တော် ကား ဘု ရား သ ခင် ပိုင် ဖြစ် တော် မူ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible23 သင်တို့သည်လည်း၊ ခရစ်တော်အဖို့ ဖြစ်ကြ၏။ ခရစ်တော်သည်လည်း ဘုရားသခင်အဖို့ ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း23 သင်တို့ကိုမူ ခရစ်တော်ပိုင်ဆိုင်တော်မူပြီး ခရစ်တော်ကိုမူ ဘုရားသခင်ပိုင်ဆိုင်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အို အဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် သူတို့သည်လည်း အကျွန်ုပ်တို့၌ရှိကြမည့်အကြောင်း တောင်းလျှောက်ပါ၏။ ဤသည်ကား ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း လောကီသားတို့ယုံကြည်ကြရန်အတွက်ဖြစ်၏။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။