၁ ကော 16:14 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ပြုသမျှသောအမှုတို့ကို ချစ်ခြင်းမေတ္တာဖြင့် ပြုကြလော့။ Common Language Bible ခပ်သိမ်းသောအမှုတို့ကိုမေတ္တာနှင့်ပြုကြလော့။- Garrad Bible ပြု သ မျှ ကို မေ တ္တာ နှင့် ပြု ကြ လော့။ Judson Bible သင်တို့သည် ခပ်သိမ်းသောအမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပြုလေသမျှသောအရာတို့ကို မေတ္တာရှေ့ထား၍ ပြုကြလော့။ |
အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။
သင်တို့မူကား ပို၍မြတ်သောဆုကျေးဇူးတို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့။ ငါသည် သင်တို့အား သာ၍ထူးမြတ်သောလမ်းကို ပြဦးမည်။
ချစ်ခြင်းမေတ္တာကို လက်ကိုင်ပြုကြလော့။ ထို့ပြင် ဝိညာဉ်ဆုကျေးဇူးများ၊ အထူးသဖြင့် ပရောဖက်ပြုဟောပြောနိုင်သောဆုကျေးဇူးကို အလွန်လိုချင်သောစိတ်ရှိကြလော့။
ညီအစ်ကိုတို့၊ သတေဖနာ၏အိမ်သူအိမ်သားတို့သည် အခါယပြည်၏အသီးဦးဖြစ်ကြပြီး သန့်ရှင်းသူတို့၏အမှုကိုဆောင်ရွက်ရန် သူတို့သည် မိမိတို့ကိုယ်ကိုဆက်ကပ်ခဲ့ကြောင်း သင်တို့သိကြ၏။
ရုပ်တုအားပူဇော်ထားသောအရာများနှင့်ပတ်သက်၍ ငါတို့အားလုံး၌ အသိပညာရှိကြောင်းကို ငါတို့သိကြ၏။ သို့သော် အသိပညာသည် ထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမူကား တည်ဆောက်မြှင့်တင်ပေးတတ်၏။
ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်သောမေတ္တာ၌လည်းကောင်း၊ လူအပေါင်းတို့ကိုချစ်သောမေတ္တာ၌လည်းကောင်း တိုးပွား၍ ကြွယ်ဝပြည့်စုံမည့်အကြောင်း သခင်ဘုရားပြုတော်မူပါစေသော။
သို့သော် ယခု တိမောသေသည် သင်တို့ထံမှပြန်လာ၍ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့်ပတ်သက်သည့် ဝမ်းမြောက်ဖွယ်သတင်းကို ငါတို့အားပြောပြ၏။ ထို့ပြင် သင်တို့သည် ငါတို့ကို အစဉ်အမြဲကောင်းမွန်စွာသတိရလျက် ငါတို့သည် သင်တို့ကို အလွန်တွေ့မြင်လိုသကဲ့သို့ သင်တို့သည်လည်း ငါတို့ကို အလွန်တွေ့မြင်လိုကြောင်း ပြောပြ၏။
ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ ထိုသို့ပြုခြင်းသည်လည်း သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍ အချင်းချင်းအပေါ်၌ထားသော သင်တို့တစ်ဦးစီ၏ချစ်ခြင်းမေတ္တာသည်လည်း ပွားများလျက်ရှိ၏။
ဤညွှန်ကြားချက်၏ရည်ရွယ်ချက်ပန်းတိုင်ကား စင်ကြယ်သောစိတ်နှလုံး၊ ကြည်လင်သောအသိစိတ်နှင့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းတို့မှဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာဖြစ်၏။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။
ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ထက် အချင်းချင်းကြား၌ ခိုင်မြဲသောချစ်ခြင်းမေတ္တာရှိကြလော့။
ဘုရားဝတ်၌မွေ့လျော်ခြင်း၌ ညီအစ်ကိုချင်းချစ်သောမေတ္တာကိုလည်းကောင်း၊ ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း လုံ့လဝီရိယရှိသမျှဖြင့် ထပ်ဆင့်ဖြည့်စွက်ကြလော့။