ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။
၁ ကော 15:46 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဝိညာဉ်နှင့်ဆိုင်သောအရာသည် ဦးစွာဖြစ်သည်မဟုတ်။ ဇာတိနှင့်ဆိုင်သောအရာဖြစ်ပြီးမှ ဝိညာဉ်နှင့်ဆိုင်သောအရာသည် ဖြစ်ပေါ်လာ၏။ Common Language Bible ဝိညာဏခန္ဓာသည်ပထမဖြစ်ပေါ်သည် မဟုတ်။ ရုပ်ခန္ဓာဖြစ်ပေါ်ပြီးမှဝိညာဏခန္ဓာ ဖြစ်ပေါ်လာ၏။- Garrad Bible သို့ ရာ တွင် နာမ် ခ န္ဓာ သည် အ ဦး ဖြစ် သည် မ ဟုတ်၊ ရုပ် ခ န္ဓာ အ ဦး ဖြစ် လျက် နောက် နာမ် ခ န္ဓာ ဖြစ်၏။ Judson Bible ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ်၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ်၏။ နောက်မှ ဝိညာဏကိုယ်ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရုပ်ခန္ဓာသည် ဦးစွာ လာ၏။ ဝိညာဉ်ခန္ဓာသည် နောက်မှ လာ၏။ |
ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။
ထို့ကြောင့် ကျမ်းစာ၌ “ပထမလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏”ဟု ရေးထား၏။ နောက်ဆုံးအာဒံသည် အသက်ကိုရရှိစေသောဝိညာဉ်ဖြစ်၏။
ပထမလူသည် မြေကြီးမှဖြစ်၍ မြေမှုန့်နှင့်ဆိုင်၏။ ဒုတိယလူသည် ကောင်းကင်မှဖြစ်၏။
ဇာတိနှင့်ဆိုင်သောလူသည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့ကို မခံယူပေ။ အကြောင်းမူကား ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍သိနိုင်သည်ဖြစ်၍ သူသည် ၎င်းတို့ကိုနားမလည်နိုင်။